MPT မှ iPhone 15 (၃၅လုံး) ပါဝင်သည့် “Top-up & Win Lucky Draw” အစီအစဥ်အား မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်) –  မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT က နိုင်ငံတစ်ဝန်းရှိ တန်ဖိုးထားရသော သုံးစွဲသူများအတွက် စိတ်လှုပ်ရှားမှုများ ဆောင်ကြဥ်းပေးရန်နှင့် ကျေးဇူးတုံ့ပြန်ရန်  နောက်ဆုံးပေါ် iPhone 15 (128 GB) များ ရရှိကံထူးနိုင်မည့် ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယခုအစီအစဥ်ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ 

MPT ၏ ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဥ် ဆုရွေးချယ်ခြင်းကို ပရိုမိုးရှင်းကာလတစ်လျှောက်လုံးတွင် အပတ်စဥ် ပြုလုပ်သွားမည်ဖြစ်ပြီး အပတ်စဥ်တိုင်းတွင် ကံထူးရှင် () ဦးစီကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ ပရိုမိုးရှင်း ကာလအတွင်း iPhone 15 (128 GB) (၃၅) လုံးကို ပေးအပ်သွားမည်ဖြစ်ပါသည်။ 

 MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် မည်သည့်နည်းလမ်းနှင့်မဆို (ဖုန်းဘေလ်လွှဲပြောင်းပေးခြင်းဖြင့် ငွေဖြည့်ခြင်းနည်းလမ်း မှအပ) အနည်းဆုံး ကျပ် ၁,၀၀၀ ဖိုး ဖုန်းငွေဖြည့်ခြင်းအားဖြင့် ယခုပရိုမိုးရှင်းတွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်မှု ပြုလုပ်သည့်အခါတိုင်းတွင် ထိပေါက်ကစားခွင့် ၂ ကြိမ်လည်း ရရှိမည်ဖြစ်ကာ MPT Club ပွိုင့် အများဆုံး,၉၉၉ အထိရရှိနိုင်မည့် အခွင့်အရေးနှင့် iPhone 15 (128 GB) ကံထူးနိုင်မည့် ကံထူးခွင့်လက်မှတ်များ (e-tickets) လည်း ရရှိမည်ဖြစ်ပါသည်။ 

ကံထူးခွင့်လက်မှတ် (e-ticket) အရေအတွက်သည် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏပေါ်မူတည်၍ ကွဲပြားသွားမည် ဖြစ်ပါသည်။ ကံထူးခွင့်လက်မှတ် (e-ticket) များလေ ကံထူးရှင်ဖြစ်ရန် အခွင့်အရေး ပိုမိုများမည်ဖြစ်သောကြောင့် ဖုန်းငွေဖြည့်သွင်းမှုများ အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပြီး MPT သုံးစွဲသူများအနေဖြင့် ယခုအခွင့်အရေးကို လက်လွတ်မခံရန် တိုက်တွန်းလိုပါသည်။ ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်နှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို https://bit.ly/3NnSNrY တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။  

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က, “အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဥ်တစ်ခုကို စီစဥ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလို ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဥ်မှာ ပါဝင်တဲ့သုံးစွဲသူတွေနေနဲ့ နောက်ဆုံးပေါ် iPhone 15 (128 GB) ကို ကံထူးခွင့်သာမကဘဲ ထိပေါက်ကစားခွင့်ကတစ်ဆင့် ပွိုင့်တွေကို လက်ငင်းခံစားခွင့်လည်း ရရှိဦးမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ဒီပရိုမိုးရှင်းကတစ်ဆင့် ဆောင်ကြဥ်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ ပါဝင်သူအားလုံး ကံကောင်းကြစေဖို့နဲ့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပြီး အနာဂတ်တွင်လည်း စိတ်လှုပ်ရှားစရာ အစီအစဥ်များကို ထပ်မံဖန်တီးသွားမည်ဖြစ်သောကြောင့် ဆက်လက်စောင့်ကြည့်ပေးရန် တိုက်တွန်းလိုပါသည်။ 

MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။