(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ဖျော်ဖြေရေးအစီအစဉ်များထဲမှ တစ်ခုဖြစ်သည့် The Mask Singer Myanmar Season 3 ကို တရားဝင် ကူညီပံ့ပိုးသူအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန် လိုက်ပါသည်။
၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်မှစတင်၍ သောကြာနေ့တိုင်း Channel 9 (Free-to-Air) ရုပ်သံလိုင်းနှင့် SKYNET Application တို့တွင် ထုတ်လွှင့် ပြသသွားမည့် အစီအစဉ် ဖြစ်သည့် The Mask Singer Myanmar Season 3 သည် တစ်နိုင်ငံလုံး ရှိကြည့်ရှုသူများထံ ရင်သပ်ရှုမောဖွယ် ဖျော်ဖြေတင်ဆက် မှုများ၊ လှပသော ဝတ်စုံဒီဇိုင်းများနှင့် စိတ်လှုပ်ရှားဖွယ်ရာ လျှို့ဝှက်ချက် များကို ယူဆောင်ပေးသွားမည် ဖြစ်ပါသည်။
The Mask Singer Myanmar သည် နာမည်ကျော်ကြားသူ အနုပညာရှင်များက ဆန်းပြားလှပသော ဝတ်စုံမျက်နှာဖုံးများ ဝတ်ဆင်ကာ ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်၍ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ရသည့် ထူးခြားသော Reality Show တစ်ခု ဖြစ်ပါသည်။ အပတ်စဉ်တိုင်းတွင် ပရိသတ်များ၊ ဆယ်လီ စုံထောက် များနှင့် ကြည့်ရှုသူများက မျက်နှာဖုံးနောက်ကွယ်မှ သူများမှာ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းကြပြီး အားလုံး အမြင်ချင်ဆုံး မျက်နှာဖုံးရှင်တစ်ယောက်မှ မျက်နှာဖုံးချွတ် ထုတ်ဖော်ပြသ၍ နှုတ်ဆက် ထွက်ခွာ သွားသည်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ တင်ဆင်ပြသ သွားမည်ဖြစ်ပါသည်။
Season 2 တွင် မြန်မာ့ရိုးရာနှင့် ယဉ်ကျေးမှုဓလေ့များကို အခြေခံထားသည့် ခမ်းနားထည်ဝါသော မျက်နှာဖုံး စုစုပေါင်း (၁၈) ခု ပါဝင်ခဲ့ပါသည်။ လူကြိုက်များသည့် ဇာတ်ကောင်များထဲတွင် ဆာမူရိုင်း၊ ကလီယိုပတ်ထရာ၊ လိပ်ပြာ၊ ကံ့ကော်၊ သူရဲကောင်း နှင့် စာခြောက်ရုပ် တို့ပါဝင်ပြီး တီထွင်ဖန်တီးမှု၊ အနုပညာလက်ရာနှင့် ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုများကို စင်မြင့်ထက်တွင် ပုံဖော်တင်ဆက် ထားပါသည်။ ပိုမိုဆန်းသစ်ပြီး ထူးခြားပြောင်မြောက်သည့် ဇာတ်ကောင်များကို ယခု Season-3 တွင် ထုတ်ဖော်ပြသသွားမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် ရင်သပ်ရှုမောဖွယ်ရာ တင်ဆက်မှုများကို စောင့်မျှော်ကြည့်ရှု ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။Official Telecom Sponsor အနေဖြင့် MPT သည် ယခု Season-3 တစ်လျှောက်လုံးတွင် MPT အသုံးပြုသော ကြည့်ရူသူများအတွက် စိတ်ချရသော အင်တာနက်ချိတ်ဆက်မှုများနှင့် ဒီဂျစ်တယ်နည်းပညာသုံး ဝန်ဆောင်မူ များကို ပံ့ပိုးပေးခြင်းဖြင့် ၄င်းတို့၏ ဖျော်ဖြေရေးအတွေ့အကြုံများ ပိုမိုကောင်းမွန်စေရန် ကတိပြုထားပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုများ မှတစ်ဆင့် MPT အနေဖြင့် သုံးစွဲသူများအတွက် အထူးပရိုမိုးရှင်းများ၊ အပြန်အလှန် အထူးဒေတာပက်ကေ့ချ်များနှင့် အစီအစဉ်နှင့်သက်ဆိုင်သည့် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များကို ခံစားရရှိနိုင်ရန် စီစဥ်သွားမည်ဖြစ်ပါသည်။
“ဖန်တီးနိုင်စွမ်း၊ ထူးချွန်ထက်မြက်မှုနဲ့ မြန်မာ့ယဉ်ကျေးမှု ကြွယ်ဝမှုတွေကို ဖော်ကျူးပေးမယ့်The Mask Singer Myanmar Season 3 ကို ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ကျွန်တော်တို့ အထူးပဲ ဝမ်းမြောက်မိပါတယ်။ ဒီဂျစ်တယ်ခေတ်ကိုလျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းဟာ လူတွေကို နည်းပညာနဲ့တင် မဟုတ်ဘဲ ဖျော်ဖြေရေးနဲ့ အတွေ့အကြုံသစ်တွေကို မျှဝေခံစားစေပြီး ချိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလို ပံ့ပိုးပေးမှုက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီကို အရည်အသွေးမြင့်ပြီး ကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့အတူ ဆန်းသစ်တဲ့ အခွင့်အလမ်းတွေကို ယူဆောင်လာပေးဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်” ဟု ကူညီပံ့ပိုးပေးမှုနှင့် ပတ်သက်၍ MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က ယခုလို ပြောကြားခဲ့ပါသည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် MPT သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲသူများနှင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ဖျော်ဖြေရေးနှင့် ဖန်တီးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။ MPT ၏ အဆင့်မြင့်ဆက်သွယ်ရေး အခြေခံ အဆောက်အဦနှင့် ဒီဂျစ်တယ်စွမ်းဆောင်ရည်များမှတစ်ဆင့် ဒီဂျစ်တယ်နည်းပညာတွင် ပိုမိုပါဝင်လာစေရန် ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပရိသတ်များထံသို့ အရည်အသွေးမြင့် ဖျော်ဖြေရေး အတွေ့အကြုံ ကောင်းများကို အဆင်ပြေချောမွေ့စွာ ပေးစွမ်းသွားမည်ဖြစ်ပါသည်။ ပရိသတ်များအနေဖြင့် “The Mask Singer Myanmar – Season 3” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်မှစတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း Channel 9 (Free-to-Air ) နှင့် SKYNET Application တွင် ခံစားကြည့်ရှုနိုင်ပြီဖြစ်ပါသည်။
Season-3 ၏ အထူးသတင်းအချက်အလက်များ၊ ရိုက်ကွင်းနောက်ကွယ်မှ မှတ်တမ်းများနှင့် MPT မှ အထူးအစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

