MPT မှ တန်ဖိုးထားရသော သုံးစွဲသူများအတွက် မြန်မာ့ပထမဆုံး Note4U ဝန်ဆောင်မှုကို မိတ်ဆက်

(ရန်ကုန်၊၂၀၂၄ခုနှစ်၊ မတ်လ ၆ ရက်)- မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည်  သုံးစွဲသူများကို ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံများ ပေးအပ်နိုင်ရန် နှင့် ၎င်းတို့၏ နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်စေရန်အတွက် စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT မှ နောက်ဆုံး မိတ်ဆက်လိုက်သော Note4U ဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် သုံးစွဲသူများသည် ၎င်းတို့အား ဖုန်ခေါ်သူများထံ ဖုန်းဖြေကြားရန် မလိုဘဲ မိမိစိတ်ကြိုက် သတ်မှတ်ထားသော အသိပေး (message) စာတိုကို အလိုအလျောက် ပေးပို့အကြောင်းကြားနိုင်မည် ဖြစ်ပါသည်။

MPT ၏ Note4U ဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် သုံးစွဲသူများသည့် ၎င်းတို့၏ (message) စာတို ဖန်တီးနိုင်မှုစွမ်းရည်ကို မိတ်ဆွေများ နှင့် မိသားစုများထံ အလွယ်တကူနဲ့ ချိတ်ဆက်ပြသနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများအနေဖြင့် Note4U ဝန်ဆောင်မှုတွင် ပါဝင်သော စာသားများအနက်မှ ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် စာသားများကိုလည်း ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ စာသားဖန်တီးရာတွင် မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာအတွက် စာလုံးရေ ၇၀ သတ်မှတ်ထားပြီး အီမိုဂျီအိုင်ကွန်များနှင့် တွဲဘက်အသုံးပြုပါက စာလုံးရေ (၃၅)လုံးအထိ ထားရှိနိုင်မည် ဖြစ်ပါသည်။ MPT ဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် ယခုဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး  ဝန်ဆောင်ခကို သုံးစွဲသူ၏ လက်ကျန်ဖုန်းဘေလ်မှတစ်ဆင့် ကောက်ခံသွားမည် ဖြစ်ပါသည်။ MPT ၏ Note4U ၏ ထူးခြားသော ဝန်ဆောင်မှုတစ်ခုမှာ သုံးစွဲသူများအနေဖြင့် မိမိတို့ မူလ သတ်မှတ်ထားသည့် စာသားမှ ပြောင်းလဲအသုံးပြုလိုပါက  မိမိအသုံးပြုလိုသည့်စာသားကို အကြိမ်ရေ အကန့်အသတ်မရှိ ဝန်ဆောင်ခ ထပ်မံပေးရန်မလိုဘဲ 7878 သို့ ပေးပို့ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို အောက်ပါဇယားတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ အသေးစိတ် အကြောင်းအရာများကို ယခုလင့်ခ်တွင် https://mpt.com.mm/mm/note4u/ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ဝန်ဆောင်မှုစျေးနှုန်းသက်တမ်းစာရင်းသွင်းရယူရန်
စာတို(SMS)အက်ပ်ပလီကေးရှင်း
(၁) လစာ ဝန်ဆောင်မှု၁,၉၉၉ ကျပ်(၃၀) ရက်7878 သို့ ONM ပေးပို့ရန်MPT4U အက်ပ်
(၁) ပတ်စာ ဝန်ဆောင်မှု၄၉၉ ကျပ်(၇) ရက်7878 သို့ ONW ပေးပို့ရန်
(၁) ရက်စာ ဝန်ဆောင်မှု၉၉ ကျပ်(၁) ရက်7878 သို့ OND ပေးပို့ရန်

MPT သုံးစွဲသူများအနေဖြင့် Note4U ဝန်ဆောင်မှုအပြင် သီချင်းအပုဒ်ရေ ၃ သိန်းဝန်းကျင်ပါဝင်သော သံစဥ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) ဝန်ဆောင်မှုကိုပါ ခံစားရယူနိုင်မည်ဖြစ်ပါသည်။ မိမိတန်ဖိုးထားရသူအတွက် သီးသန့်သီချင်း သတ်မှတ်ထား နိုင်သည့်အပြင် မိမိ၏ တစ်နေ့တာအတွင်း ဖြစ်ပေါ်နေသည့် ခံစားချက်များကိုလည်း မိမိကြိုက်နှစ်သက်ရာ သီချင်းများဖြင့် ဖော်ပြနိုင်မည်ဖြစ်ပါသည်။ နာမည်ကြီး သီချင်းများဖြစ်သည့် “ကမ္ဘာအဆက်ဆက်”၊ “All I Need Is You” စသည့် သီချင်းများကိုလည်း MPT ၏ သံစဉ်ဘူဖေး ဝန်ဆောင်မှုတွင် ရရှိနိုင်ပြီ ဖြစ်သည်။  MPT ၏ သံစဥ်ဘူဖေးဝန်ဆောင်မှုူကို ဝန်ဆောင်ခ တစ်ရက်လျှင် ၁၀၀ ကျပ်ဖြင့် တေးသီချင်းများကို အခမဲ့ အကန့်အသတ်မရှိ မိမိ စိတ်ကြိုက်ရယူနိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “MPT ရဲ့ဝန်ဆောင်မှုတွေကို ရွေးချယ်ပြီး ယုံကြည်စွာဖြင့် အစဥ်တစိုက် သုံးစွဲနေတဲ့ သုံးစွဲသူတွေအားလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်သော သုံးစွဲမှု အတွေ့အကြုံကောင်းတွေပေးအပ်ဖို့ နဲ့ သုံးစွဲသူတွေရဲ့ နေ့စဥ်ဘဝ ပိုမိုကောင်းမွန်စေဖို့အတွက် သစ်လွင်ဆန်းသစ်ပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။