MPT က နိုင်ငံတစ်ဝန်း “TeamFit: Unite & Move” ပဉ္စမအကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုနှင့်အတူ လုပ်ငန်းခွင်အလေ့အကျင့်ကောင်းများကို ဆက်လက်မြှင့်တင်ပေးလျက်ရှိ

(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်) – MPT ၏ “TeamFit: Unite & Move”  ပဉ္စမအကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ MPT ဝန်ထမ်းပေါင်း (၃၀၀) ကျော်က လူကိုယ်တိုင်နှင့်အွန်လိုင်းမှတစ်ဆင့် တက်ကြွစွာ ပါဝင်ခဲ့ကြပါသည်။ အဆိုပါ လှုပ်ရှားမှုသည် ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးနှင့် ဟန်ချက်ညီသော လုပ်ငန်းခွင်ဓလေ့အပေါ်  MPT ၏ အလေးထားဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့ပါသည်။

ယခင်က MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ရှိ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့သည့်အတိုင်း “TeamFit: Unite & Move” အစီအစဉ်သည် ၂၀၂၄ ခုနှစ်မှစတင်၍ ပုံမှန်ပြုလုပ်သော လုပ်ငန်းခွင်အတွင်း ကျန်းမာရေးလှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများအကြား ကျန်းမာသော နေထိုင်မှုပုံစံနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် MPT ၏ စဉ်ဆက်မပြတ် ဆောင်ရွက်နေသည့် ကျန်းမာရေးလှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။

ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT သည်  နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ပါဝင်နိုင်သည့် ကျန်းမာရေးလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ရန် ဒီဂျစ်တယ်ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ MPT သည် နိုင်ငံတစ်ဝန်း ယောဂကျန်းမာရေး လှုပ်ရှားမှုအစီအစဉ် (၅) ခုကို ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာများ၏ပံ့ပိုးမှုနှင့်အတူ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။

MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “နိုင်ငံတစ်ဝန်းက ဝန်ထမ်းတွေရဲ့ ပါဝင်လာမှု ပိုမိုများပြားလာတာကိုတွေ့ရတဲ့အတွက် ကျွန်တော် ကျေနပ်အားရမိပါတယ်။ ကျွန်တော်တို့ရဲ့ ယောဂကျန်းမာရေးလှုပ်ရှားမှုမှာ ကိုယ်ကာယလေ့ကျင့်ခန်းကို ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာနဲ့ ချိတ်ဆက် ပေါင်းစပ်ထားပြီး အားလုံးအတူတကွ ပါဝင်နိုင်တဲ့ အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ်။ ယောဂကျန်းမာရေးလှုပ်ရှားမှု၊ Zumba ကျန်းမာရေးလှုပ်ရှားမှု နဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲ လိုမျိုး အစီအစဉ်တွေပါဝင်တဲ့ “TeamFit: Unite & Move” အစီအစဉ်တွေကို  စလုပ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ မျှတတဲ့လုပ်ငန်းခွင်ဖြစ်ပေါ်စေဖို့အတွက် ကျွန်တော်တို့ အစဉ်တစိုက် ကြိုးစားဆောင်ရွက်နေပါတယ်။ အခုဆိုရင် ပဉ္စမအကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုက ၂၀၂၆ ခုနှစ်အတွက် ကျွန်တော်တို့ရဲ့ ကနဦးလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပြီး အဖွဲ့အစည်းအတွင်း ရေရှည်တည်တံ့တဲ့ ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ဖြစ်ပေါ်လာစေဖို့ ဒီအစီအစဉ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

“ယောဂကျန်းမာရေးလှုပ်ရှားမှုက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး နှစ်ခုလုံးအတွက် အကျိုးရှိပါတယ်။ ရိုးရှင်းတဲ့ အသက်ရှူနည်းစနစ်တွေက အထူးသဖြင့် ဖုန်းနဲ့ကွန်ပျူတာရှေ့ အချိန်အကြာကြီးအသုံးပြုပြီး နောက်ပိုင်းမှာ စိတ်ကိုလန်းဆန်းစေပြီး အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ တစ်မိနစ်စာလောက် အသက်ရှူလေ့ကျင့်ခန်း လုပ်ရုံနဲ့တင် သိသာတဲ့ပြောင်းလဲမှုကို ခံစားရမှာသေချာပါတယ်။ အခုလို MPT နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်ရော အစီအစဉ်တစ်ခုချင်းစီတိုင်းမှာ ဝန်ထမ်းတွေရဲ့ တိုးတက်လာမှုကို မြင်တွေ့ရတဲ့အတွက်ပါ ဝမ်းသာပီတိဖြစ်မိပါတယ်။” ဟု Ashtanga Yoga Shala YGN မှ ယောဂနည်းပြဖြစ်သူ ဆရာမဝတ်ရည်မိုးက  သူမ၏ အတွေ့အကြုံနှင့် ယောဂလေ့ကျင့်ခြင်းမှရရှိနိုင်သည့် အကျိုးကျေးဇူးများကို ယခုလို ပြောကြားခဲ့ပါသည်။

“TeamFit: Unite & Move” အစီအစဉ်မှတစ်ဆင့် MPT သည် ဝန်ထမ်းများ၏ ကျန်းမာ‌ကြံ့ခိုင်မှုနှင့် စိတ်အားထက်သန်မှုကို စဉ်ဆက်မပြတ် မြှင့်တင်ပေးလျက်ရှိပြီး အဆိုပါဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရှေ့ဆက်ပြီး MPT အနေဖြင့် နိုင်ငံတစ်ဝန်း ဝန်ထမ်းအားလုံးပါဝင်နိုင်ပြီး ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။