MPT က စာဖတ်ဝါသနာအိုးများအတွက် ကဏ္ဍအစုံအလင်ပါဝင်သော မြန်မာ့ပထမဆုံး eBook ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်

MPT မှ ကဏ္ဍအစုံအလင်ပါဝင်သော MPT Books အမည်ရှိ မြန်မာ့ပထမဆုံး eBook ဝန်ဆောင်မှုကို အောက်တိုဘာလ (၁၇) ရက်နေ့တွင်စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါဝန်ဆောင်မှုတွင် သုံးစွဲသူများက မြန်မာနိုင်ငံအတွင်းရှိ နာမည်ကျော် စာရေးဆရာကြီးများ၏ ထင်ရှားကျော်ကြားသော ရသစာပေ များ၊ ရယ်စရာဟာသရုပ်စုံစာအုပ်များ၊ ဗဟုသုတစုံလင်သော မဂ္ဂဇင်းစာအုပ်များနှင့် နောက်ဆုံးရသတင်းများစွာ ပါဝင်သည့် ဂျာနယ်အမျိုးအစားစုံကို တစ်နေရာတည်းတွင် အစုံလင်ဆုံးနှင့်အကြီးမားဆုံး အွန်လိုင်းစာကြည့် တိုက်သဖွယ် အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများက ၎င်းတို့ မိုဘိုင်းလ်ဖုန်းများရှိ MPT Books အက်ပလီကေးရှင်းဝန်ဆောင်မှု (အောက်တိုဘာလအကုန်တွင် အသုံးပြုနိုင်မည်ဖြစ်သည်) မှသော်လည်းကောင်း (သို့မဟုတ်) ၎င်းတို့၏အခြားသော ဖုန်းများ၊ တက်ဘလက်များ နှင့် ကွန်ပျူတာရှိ web browser များမှနေ၍ ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။ စာအုပ်၊ ဂျာနယ် နှင့် မဂ္ဂဇင်းများကို ဝယ်ယူဖတ်ရှုခြင်း (သို့မဟုတ်) စာအုပ်နှင့်မဂ္ဂဇင်းများကို ငှားရမ်းဖတ်ရှုခြင်း၊ ဂျာနယ် နှင့် မဂ္ဂဇင်းများကို လစဉ်စာရင်းပေးသွင်း စနစ်တို့ဖြင့် ရွေးချယ်ဖတ်ရှုနိုင်မည်ဖြစ်သည်။

MPT Books ကို https://books.mpt.com.mm/ လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုအသုံးပြုနိုင်မည်ဖြစ်သည်။