MOTC Web Protal လွှင့်တင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ယနေ့ နံနက် ၁၀:ဝဝ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ Ministry Web Portal (MOTC Web Protal) လွှင့်တင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၆) အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်သက် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဦးစီးဌာနနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများက လက်ရှိလွှင့်တင်ထားသော Web Site များ၏ အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးက ယခင်ဖွဲ့စည်းထားရှိသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန များမှ လွှင့်တင်ထားသည့် Web Site များအား စုစည်း ပေါင်းစပ် ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန Web Portal (MOTC Web Protal) တစ်ခုအဖြစ် အဆင့်မြှင့်တင် တည်ဆောက် လွှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သော  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ Web Portal (MOTC Web Protal) အဆင့်မြှင့်တင် တည်ဆောက် လွှင့်တင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်း(၁၈)ခုမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။