Microsoft Office 365 Administrator Training နှင့် Securing Networking Using Wireshark Training သင်တန်းဖွင့်ပွဲအခမ်းအနား

                       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် User Security Groups နှင့် License ထိန်းသိမ်းခြင်း၊ Identity Synchronization AD များ တည်ဆောက်ခြင်းများကို စာတွေ့လက်တွေ့ သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Microsoft Office 365 Administrator Training  သင်တန်းနှင့် Wireshark tool ကို အသုံးပြု၍ Network ကွန်ရက်အတွင်းရှိ packets များကို စစ်ဆေးခြင်း၊ မိမိ၏ Network ကွန်ရက်အတွင်း security ပိုမိုလုံခြုံမှုရှိရန်  ဆောင်ရွက်ခြင်းများကို စာတွေ့၊ လက်တွေ့ သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Securing Networking Using Wireshark Training  သင်တန်းတို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ဩဂုတ်လ (၅) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

            Microsoft Office 365 Administrator Training (တတိယအကြိမ်) သင်တန်းကို တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့အစည်း (၁၇) ခုမှ သင်တန်းသား (၃၄) ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ (၅-၈-၂၀၁၉) ရက် နေ့မှ (၆-၈-၂၀၁၉) ရက်နေ့အထိ (၂) ရက် ဖွင့်လှစ်ပို့ချမည် ဖြစ်ပါ သည်။ Securing Networking Using Wireshark Training သင်တန်းကာလမှာ (၅-၈-၂၀၁၉) ရက်နေ့မှ (၉-၈-၂၀၁၉) ရက်နေ့အထိ (၅)ရက် သင်တန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၃၃)ခုမှ သင်တန်းသား  (၄၁) ဦးတို့ တက်ရောက်ကြောင်း သိရပါ သည်။     

     သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

                     သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီး ဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။