Linux Foundation နှင့် Windows Server Administration Course -1 သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (တတိယအကြိမ်) Linux Foundation သင်တန်း၊ (ဒုတိယအကြိမ်) Windows Server Administration Course -1 သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ(၁၁)ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၄၉) ဦး  တက်ရောက်ခဲ့ပါသည်။

   ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သော ပထမသင်တန်းဖြစ်သည့် Linux Foundation သင်တန်း၌ ပထမဆုရရှိသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒေါ်အိအိဖြိုး၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်တင်မေမေသော်၊ တတိယဆုရရှိသော ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒေါ်နဒီဉီး တို့အားလည်းကောင်း၊ ဒုတိယသင်တန်းဖြစ်သည့် Windows Server Administration Course -1 သင်တန်းတွင် ပထမဆုရရှိသော အလုပ်သမားဝန်ကြီးဌာနမှ ဒေါ်ဝေဝေအောင်၊ ဒုတိယဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ပို့ဆောင်ရေး)မှ ဒေါ်ဆွေဇင်ဉီး၊ တတိယဆုရရှိသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒေါ်ရွှေယမင်းဦးတို့အား လည်းကောင်း ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။