Linux Foundation နှင့် PHP Programming Language သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Linux Foundation သင်တန်း၊ (ဒုတိယအကြိမ်) PHP Programming Language သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ (၁၆)ရက်နေ့ နေလည်ပိုင်းတွင် Online ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၄၈) ဦး  တို့ တက်ရောက်ခဲ့ပါသည်။

   ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီးနောက်၊ Linux Foundation သင်တန်းတွင် ပထမဆုရရှိသော အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဦးညီညီလတ်၊ ဒုတိယဆုရရှိသော ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒေါ်သက်ထားဟေမန်၊ တတိယဆုရရှိသော အမျိုးသားလွှတ်တော်ရုံးမှ ဒေါ်ရည်ရည်သိမ့် တို့အား လည်းကောင်း၊ PHP Programming Language သင်တန်းတွင် ပထမဆုရရှိသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်သန္တာမြင့်အောင်၊ ဒုတိယဆုရရှိသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဒေါ်ဆုပြည့်ဝန်း၊ တတိယဆုရရှိသော အလုပ်သမားဝန်ကြီးဌာနမှ ဒေါ်အေးငြိမ်းမျိုးတို့အား လည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် သင်တန်းသား/သင်တန်းသူ (၄၈)ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။