International Outbound Roaming ၀န်ဆောင်မှု ပေးမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ International Roaming စနစ်ကို ၀န်ဆောင်မှု  ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၄၆) နိုင်ငံမှ Operator (၇၇) ဦး၏  GSM / WCDMA  မိုဘိုင်းဖုန်း သုံးစွဲသူများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏  GSM / WCDMA  မိုဘိုင်း Network တွင် Inbound Roaming လာရောက် သုံးစွဲ နေပြီ ဖြစ်ပါသည်။

အလားတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူများ သည်လည်း အခြားနိုင်ငံများသို့ ရောက်ရှိချိန်တွင် မိမိ၏  GSM / WCDMA  မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်ရေး ထပ်မံဆောင်ရွက် ခဲ့ရာ ၊ စက်မှုပိုင်းဆိုင်ရာများ စမ်းသပ် ဆောင်ရွက် ပြီးစီးပြီ ဖြစ်သော နိုင်ငံပေါင်း (၃၁) နိုင်ငံမှ Operator (၃၁) ဦး၏ မိုဘိုင်း Network များတွင် ( ၂.၇.၂၀၁၄ ) ရက်နေ့ မှစတင်၍ International Outbound Roaming ၀န်ဆောင်မှု  ပေးမည်ဖြစ်ပါသည်။

International Roaming Outbound သွားရောက် သုံးစွဲနိုင်သော နိုင်ငံ (၃၁) နိုင်ငံ ၊ Operator (၃၁) ဦး စာရင်း၊  International Roaming Operator စာရင်း နှင့် ပြည်ပနိုင်ငံများတွင် သွားရောက်သုံးစွဲပါက ကောက်ခံမည့်နှုန်းထား များအား အောက်တွင် သေးစိတ် ဖတ်ရှု နိုင်ပါသည်။