Information Security Management System နှင့် Online Security Awareness သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Information Security Management System နှင့် (ဒုတိယအကြိမ်) Online Security Awareness သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ (၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၅၂) ဦးဖြင့် ကျင်းပခဲ့ပါသည်။

   ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ရှင်းလင်း ပြောကြားခြင်းနှင့် သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။

   ဆက်လက်ပြီး Information Security Management System သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးမျိုးသိန်း၊ ဒုတိယဆုရရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးလှိုင်မျိုးထက်၊ တတိယဆုရရှိသော ဥပဒေရေးရာဝန်ကြီး ဌာနမှ ဒေါ်နွေးစုအောင် တို့အားလည်းကောင်း၊  Online Security Awareness  သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြည်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဒေါ်အေးစံလင်း၊ ဒုတိယဆုရရှိသော  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒေါ်နန်းမြကြာခြည်၊ တတိယဆုရရှိသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဒေါ်ဘုန်းသစ္စာခိုင် တို့အား  ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။