Incident Handling & CSIRT Management Course သင်တန်းဖွင့်ပွဲအခမ်းအနား

မတ်လ (၁၆) ရက်

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းနှင့် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန (NCSC) တို့ ပူးပေါင်း၍ ဆိုက်ဘာတိုက်ခိုက်မှုများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ဝန်ကြီးဌာနများနှင့်ဘဏ်များတွင် Computer Security Incident Response Team (CSIRT) ည်ထောင်၍ ဆိုက်ဘာတိုက်ခိုက်မှုများအား ဖြေရှင်းနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခဲ့သည့် Incident Handling & CSIRT Management Course အမှတ်စဉ် (၀၁၂၄/၀၂/၁၉-၂၀)   သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

  အဆိုပါ Incident Handling & CSIRT Management Course အမှတ်စဉ် (၀၁၂၄/၀/၁၉-၂၀) သင်တန်းကို ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၃) ခု မှ သင်တန်းသား (၃) ဦး တက်ရောက်ကြောင်း သိရပါသည်။   

 သင်တန်းကာလမှာ (၁--၂၀၂၀)ရက်နေ့မှ (၂--၂၀၂၀)ရက်နေ့ထိ () ရက် ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနအကြီးအကဲများ၊   ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

  သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း များမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

 

ITCS သင်တန်းကျောင်း