IGW Facility Service Guideline ပမာဏမူကြမ်း ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန သည် ဆက်သွယ်ရေး ဥပဒေ (၂၀၁၃) နှင့်အညီ International Gateway Services Liberalization အတွက် ဆောင်ရွက်လျှက်ရှိရာ ကွန်ရက်အထောက်အကူပြု ၀န်ဆောင်မှု လုပ်ငန်းလိုင်စင် (အထူး) လိုင်စင်အရ ခွင့်ပြုသွားမည့် International Gateway Facility Service ၀န်ဆောင်မှုနှင့် စပ်လျဉ်း၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ International Gateway Facility Service Guideline ပမာဏမူကြမ်း ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၅) ရက်နေ့၊ နေ့လည် (၁:၀၀) နာရီတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲ သို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး မှ ကိုယ်စားလှယ်များ၊ ဆက်သွယ်ရေး Operator များ၊ ကွန်ရက်အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) ရရှိသော ကုမ္ပဏီများနှင့် ကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှု လုပ်ငန်းလိုင်စင် (အထူး) လျှောက်ထားသော ကုမ္ပဏီများ စုစုပေါင်း ကုမ္ပဏီအဖွဲ့အစည်း (၂၅) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ International Gateway Facility Service Guideline နှင့် ပတ်သက်၍ public consultation ကာလအား ၃၁.၁.၂၀၁၆ အထိ သတ်မှတ်ထားပြီး အဆိုပါ Guideline မူကြမ်းအပေါ် ဆွေးနွေးအကြံပြုလိုသည်များရှိပါက အောက်ပါ email လိပ်စာများသို့ ပေးပို့နိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

[email protected]

[email protected]

[email protected]