Environmental & Social Safeguard ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပပြုလုပ်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ အစည်းအဝေး ခန်းမ၌ ၂၀-၂-၂၀၁၉ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီတွင် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး အစီအစဉ်ဖြင့် ဆောင်ရွက်မည့် USF Pilot Project တင်ဒါအဆိုပြုလွှာတွင် ဖော်ပြပါရှိသော Environmental & Social Safeguard ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည့်  အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး (Project Director) ဦးသန်းထွန်းအောင်၊ ညွှန်ကြားရေးမှူး (USO) ဦးကျော်ဦး နှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်အဖွဲ့မှ တာဝန်ရှိသူများ၊ Environmental & Social Safeguard Specialist  ဒေါ်ခင်သိန်းထွေးနှင့် Nationwide Telecommunications Licence ရယူထားသည့် ဆက်သွယ်ရေးအော်ပရေတာများဖြစ်ကြသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ Telenor Myanmar Limited၊ Ooredoo Myanmar Limited ၊ Telecom International Myanmar Company limited (Mytel) တို့မှ တာဝန်ရှိသူများ စုစုပေါင်း(၁၆)ဦး တက်ရောက်၍ Environmental & Social Safeguard ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။