Environmental and Social Management Framework Training ကျင်းပပြုလုပ်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ၁-၃-၂၀၁၉ ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ နေ့လည် (၁၅:၃၀)အချိန်အထိ Environmental and Social Management Framework Training ကျင်းပပြုလုပ်ခဲ့ရာ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဦးက အဖွင့်မှာစကား ပြောကြားပြီး USO ဌာနတာဝန်ရှိသူများ၊ Environmental & Social Safeguard Specialist  ဒေါ်ခင်သိန်းထွေးနှင့် Nationwide Telecommunications Licence ရယူထား သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor Myanmar Limited၊ Ooredoo Myanmar Limited ၊ Telecom International Myanmar Company Limited (Mytel)  တို့မှ ကိုယ်စားလှယ်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဌာနခွဲအသီးသီးမှ အရာထမ်း/အမှု ထမ်းများ စုစုပေါင်း(၃၄)ဦး တက်ရောက်ခဲ့ကြပါသည်။