e-Government Data Center များနှင့် Myanmar National Portal တည်ဆောက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

 ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး သည် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက် နေ့လည် (၀၂:၀၀) နာရီတွင် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော် S12 အိတ်ချိန်း၊ e-Government ဌာနရှိ Data Center တွင် တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများနှင့် Government Personnel Management System (GPMS), Electronic Document Management System (EDMS) နှင့် Government eMail စသည့် Common Applications များ ဝန်ဆောင်မှု ပေးနေမှု အခြေအနေများ၊ ဝန်ကြီးဌာနများမှ Colocation ရှိမှုနှင့် Myanmar National Web Portal စနစ်ကို တပ်ဆင်ထားရှိသည့် Colocation Data Center အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။  

 ဆက်လက်၍ ဒုတိယဝန်ကြီးအား Myanmar National Portal တည်ဆောက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်မှ ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။