"e-Commerce for Trade Negotiators" အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ဆက်လက်ကျင်းပ

"e-Commerce for Trade Negotiators" အလုပ်ရုံ ဆွေးနွေးပွဲ၏ ဒုတိယမြောက်နေ့ကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်လျက်ရှိသည့် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၂) တွင် ဇူလိုင်လ ၁၂ ရက်က ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ပါ လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံမှ အခြားအာဆီယံနိုင်ငံများနှင့် လိုက်ပါ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုပေးနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် United Nations Conference on Trade and Development (UNCTAD) နှင့် အာဆီယံနှင့် အရှေ့စီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia - ERIA) တို့ပူးပေါင်း၍ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက်မှစ၍ ပြုလုပ်နေခြင်းဖြစ်သည်။   

ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် UNCTAD နှင့် ERIA များမှ ကျွမ်းကျင်ပညာရှင်များက နိုင်ငံတကာကုန်သွယ်ရေးနှင့် e-Commerce မှတစ်ဆင့် ဒေသတွင်းပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်ရန်၊ Free Trade Area Negotiation တွင်ပါဝင်သည့် e-Commerce Provision များကို ရှင်းလင်းပြောကြားခဲ့ကြပြီး၊ ခေါင်းစဉ်များအလိုက် တက်ရောက်လာသူများက Simulation Exercise၊ Group Work Session များဖြင့် ဆွေးနွေးခဲ့ကြသည်။

နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် အာဆီယံဒေသတွင်းနှင့် မြန်မာ နိုင်ငံတို့တွင် Digital နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အမျိုးသား အဆင့်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍအား မြှင့်တင်သွားနိုင် ရေး၊ Cross Border e-Commerce လုပ်ငန်းစဉ်များနှင့် အာဆီယံဒေသတွင်း ပေါင်းစည်း ဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်ရေးတို့ကို အထောက်အကူပြုနိုင်မည့် အကျိုးကျေးဇူး များစွာရရှိစေနိုင်သော ဆွေးနွေးပွဲတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ် များသည့် မြန်မာနိုင်ငံမှ အာဆီယံ၏ မျှော်မှန်းချက်နဲ့ ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရာတွင်  အခြားနိုင်ငံများနှင့်တန်းတူ ရင်ဘောင်တန်း လိုက်ပါဆောင်ရွက် သွားနိုင်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ပြောကြားသည်။