e-Commerce Law (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း (The First Meeting of e-Commerce Law Drafting Committee)

e-Commerce Law (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က e-Commerce Law (မူကြမ်း) ရေးဆွဲနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက e-Commerce Law အား ရေးဆွဲခဲ့ရာ Zero Draft အား ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ပါကြောင်းနှင့် အဆိုပါ Zero Draft အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိသော e-Commerce Strategy Guideline တို့နှင့် Inline ဖြစ်အောင် ပေါင်းစပ်၍ e-Commerce Law မူကြမ်းကို ဤကော်မတီမှ ဆက်လက်ရေးဆွဲသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီအောင်က e-Commerce Guideline ရေးဆွဲနေမှုအခြေအနေအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက e-Commerce (Online Shop) Registration ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများက ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။