Digital Innovation and Leadership ၊ Front-End Web Development with JavaScript နှင့် Windows Server Administration-II သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Digital Innovation and Leadership သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂၀)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ်၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား ( ၃၁ )ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က သင်တန်းမှတဆင့် Digital Transformation ၏ သွင်ပြင်လက္ခဏာများ၊ Digital Transformation ၏ ယဉ်ကျေးမှုများကို သိရှိနားလည်ပြီး Digital Government ဖြစ်လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သတ်မှတ်လာတတ်စေမည်ဖြစ်ကြောင်း နှင့် Digital Transformation ၏ Roadmap နှင့် အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် Architecture ၏လုပ်နိုင်စွမ်းအား ချဲ့ထွင် စဉ်းစားတတ်စေမည့်အပြင် ခေါင်းဆောင်မှုစွမ်းရည် မြင့်မားလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။