CyberBayKin (ဆိုက်ဘာဘေးကင်း) - Secure a Digital Myanmar Conference ကျင်းပပြုလုပ်ခြင်း

နေပြည်တော် M-Gallery Hotel ၌ ယနေ့ မနက် ၀၉၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် CyberBayKin (ဆိုက်ဘာဘေးကင်း) - Secure a Digital Myanmar Conference သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Conference သို့ ဩစတြေးလျနိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Jeremy Kruse, ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ဩစတြေးလျနိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြည်ပမှ ပညာရှင်များ၊ ပြည်တွင်း ပညာရှင်များ၊ ဌာနဆိုင်ရာ များမှ Chief Information Officer (CIO) များတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Conference အား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိအမြင်တိုးတက်စေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂၆) ရက်နှင့် (၂၇) ရက် တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး Cybercrime and its Future, Current Cybersecurity Landscape, Protecting yourself Before, During and After an Attack, State of Cybersecurity in Myanmar, Digital Economy and Cybersecurity ခေါင်းစဉ်များအား ပထမနေ့ တွင် ဆွေးနွေးဟောပြောသွားမည် ဖြစ် ကြောင်း၊ ဒုတိယနေ့တွင် Mobile e-Commerce and Cybersecurity, The Legal Frameworks Necessary to Support the Successful Prosecution of Transnational Cybercrimes, Next Big Cybersecurity Risk: Quantum Computing and Artificial Intelligence, Critical Infrastructure and Cybersecurity, Future of Cybersecurity in Myanmar စသည့် ခေါင်းစဉ်များဖြင့် ဩစတြေးလျနိုင်ငံ၊ ထိုင်းနိုင်ငံစသည်တို့မှ ပါမောက္ခများ၊ ပညာရှင်များနှင့် ပြည်တွင်းမှ ပါမောက္ခများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပညာရှင်များ၊ တာဝန်ရှိသူများမှ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရပါသည်။