Cyber Leadership Awareness Workshop (2019) ကျင်းပ

မြန်မာနိုင်ငံတွင် ခေတ်သစ်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် တုံ့ပြန်မှု နည်းပညာများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ST Engineering (Singapore) Ltd တို့ ပူးပေါင်းကျင်းပသည့် Cyber Leadership Awareness Workshop (2019) ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Alliance Urban Transports Co., Ltd မှ ဒါရိုက်တာ ဦးချမ်းငြိမ်းဇော် နှင့် ST Engineering (Singapore) Ltd မှ ဒုတိယဥက္ကဋ္ဌ Mr. GOH Eng Choon တို့က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် "Cyber Security Transformation 2.0" ခေါင်းစဉ်ဖြင့် Mr. Hoo Chuan Wei ကလည်းကောင်း၊ "The Introduction to the Dark Web" ခေါင်းစဉ်ဖြင့် Mr. Leonard ကလည်းကောင်း၊ "Hacking the Mobile (apk) and Hack Air Gapped Network" ခေါင်းစဉ်ဖြင့် Mr. Zhi Hao ကလည်းကောင်း၊ "Security Operation Center (SOC) Formation" ခေါင်းစဉ်ဖြင့် Mr. Zhi Hao နှင့် Mr. Leonard တို့ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်(၃)ရပ်၊ ဗဟိုဌာနများ၊ ဝန်ကြီးဌာနများမှ CIO/ ACIO (၈၉)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။