Cyber Law and Policies မူကြမ်းများရေးဆွဲနိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံတွင် e-Government နှင့် e-Commerce လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ဥပဒေနှင့် မူဝါဒများ ရေးဆွဲနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ Legal Advisory of Cyber Legal and Policy Framework စီမံကိန်းဖြင့် Cyber Law and Policies များ ရေးဆွဲလျက်ရှိရာ စီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်၊ နေ့လည် ၁ နာရီတွင် နေပြည်တော်၊ S 12 အိတ်ချိန်းအဆောက်အအုံရှိ e-Government ဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး၊ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်နှင့် ဌာနမှတာဝန်ရှိသူများ၊ အကြံပေးအဖွဲ့ဖြစ်သော TRPC pte ltd (Singapore) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။