Cyber Law (မူကြမ်း) ပြုစုရေးဆွဲရေး အထောက်အကူပြုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

Cyber Law (မူကြမ်း) ပြုစုရေးဆွဲရေး အထောက်အကူပြုကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး၊ ဒေါ်နွယ်နီစိုးရင်မှ Cyber Legal and Policy Framework (မူကြမ်း) ရေးဆွဲရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီအတွင်းရေးမှူး ဦးရဲနိုင်မိုးမှ Cyber Law and Policies (ပထမမူကြမ်း) အပေါ် သုံးသပ်တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကော်မတီ အဖွဲ့ဝင်များမှ မူကြမ်းအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လည် ၁၂:၀၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။