Basic Satellite Communications သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Basic Satellite Communications သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၁)ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၁၉) ဦး  တက်ရောက်ခဲ့ပါသည်။

   ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးအောင်သက်ခိုင် (ပထမဆု)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်ဝင့်ဟေမာန်ထွန်း (ဒုတိယဆု)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်သိင်္ဂီစိုး (တတိယဆု)တို့အား ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။