Basic Networking ၊ Responsive Web Design using Bootstrap5 နှင့် Microsoft Office Excel 2019 (Online) သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်းများ၊ (ပထမအကြိမ်) Microsoft Office Excel 2019 (Online) သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၈၀) ဦး  ဖြင့် ကျင်းပခဲ့ပါသည်။

   ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ရှင်းလင်း ပြောကြားခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး Basic Networking သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော အလုပ်သမားဝန်ကြီးဌာနမှ ဒေါ်နန္ဒာလှိုင် ၊ ဒုတိယဆုရရှိသော ပြန်ကြားရေး ဝန်ကြီးဌာနမှ ဦးဇမ်းထိတ်ခိုင်၊ တတိယဆုရရှိသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မှ ဒေါ်အေးအေးမိုးတို့အားလည်းကောင်း၊  Responsive Web Design using Bootstrap သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မှ ဒေါ်မေသူဟန် ၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်နန်းသဉ္ဇာမြင့်အောင်၊ တတိယဆုရရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး မှ ဦးသီဟလင်း တို့အားလည်းကောင်း၊  Microsoft Office Excel 2019 (Online) သင်တန်းတွင် ပထမဆုရရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ ဒေါ်ခိုင်ယဉ်မွန်၊ ဒုတိယဆုရရှိသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒေါ်ရတီစိုး၊ တတိယဆုရရှိသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒေါ်သိင်္ဂီစံငွေတို့အား  ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။