Basic Networking နှင့် Responsive Web Design using Bootstrap 5 သင်တန်းဆင်းပွဲသတင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Basic Networking နှင့် Responsive Web Design using Bootstrap 5 သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၂၄)ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ်(၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/ဗဟိုအစိုးရအဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် သင်တန်းကျောင်း၊ ကျောင်းအုပ်က ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိခဲ့သော အတွေ့အကြုံ၊ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်၊ စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန်၊ နိုင်ငံတော် ၊ ပြည်သူနှင့် ဌာနက အားထားရတဲ့ ၀န်ထမ်းကောင်းတွေဖြစ်အောင် ကြိုးစားရင်း ကျရာတာ၀န်ကို  ကျေပွန်အောင် ထမ်းဆောင်သွားကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများအား ထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းကျောင်း၊ ကျောင်းအုပ်နှင့်တကွ ဌာနအကြီးအကဲများမှ ချီးမြှင့်ပေးအပ်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။