Authentication and Digital Signature Course သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း တွင် Governmennt Data Network တည်ဆောက်၍ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော Eelectronic Transactions လုပ်ငန်း၏ လုံခြုံရေးနှင့် သတင်းအချက်အလက် တိကျခိုင်မာရေး အတွက် Authentication နှင့် Digital Signature အကြောင်းကို နားလည် အသုံးပြုနိုင်စေရန်  ရည်ရွယ်၍ ဖွင့်လှစ်သည့် Authentication and Digital Signature Course ဒုတိယအကြိမ် သင်တန်း ဆင်းပွဲအခမ်းအနား ကို (၂၇-၄-၂၀၁၈) ရက်နေ့၊ နေပြည်တော်၊ ရုံးအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

Authentication and Digital Signature Course (ဒုတိယအကြိမ်) သင်တန်းကို (၂၄-၄-၂၀၁၈) ရက်နေ့ မှ (၂၇-၄-၂၀၁၈) ရက်နေ့အထိ (၄) ရက် ဖွင့်လှစ် ပို့ချခဲ့ပြီး  ၂၀၁၈ ခုနှစ်အတွင်း ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါသင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း(၁၈)ခုမှ သင်တန်းသား (၃၇) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။

သင်တန်းဆင်းပွဲသို့ သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကျောင်း ညွှန်ကြားရေးမှူး  မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ကြောင်း သိရပါသည်။

သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား              e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။