ASEAN TELSOM-ATRC Leaders’ Retreat Meeting ကျင်းပ

ရန်ကုန်မြို့၊ Novotel Yangon Max Hotel  တွင် ၂၀၁၆ခုနှစ်၊ သြဂုတ်လ၊ ၂၃ရက်နေ့မှ ၂၆ရက်နေ့အထိ 2nd ASEAN TELSOM-ATRC Leaders’ Retreat Meeting နှင့် 22nd ASEAN  Telecommunications Regulators’ Council Meeting and Related Meetings with Dialogue Partners အစည်းအဝေးများ အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်လျှက်ရှိပါသည်။
၂၀၁၆ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် 2nd ASEAN TELSOM-ATRC Leaders’ Retreat Meeting အစည်းအဝေး တွင် AIM 2020 ဖေါ်ဆောင်ရေးအတွက်ASEAN  TelecommunicationsSenior Officials’ Meeting (TELSOM) အောက်ရှိ ချမှတ်ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်းများ၏ အခြေအနေများနှင့် ပြီးစီးမှုများ၊ ပြင်ပ မိတ်ဘက်နိုင်ငံများ ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအား အဓိကထား ဆွေးနွေးခဲ့ကြပြီး၂၀၁၆ခုနှစ် ၊သြဂုတ်လ၂၅ရက်နေ့ နှင့် ၂၆ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် 22nd ASEAN  Telecommunications Regulators’ Council(ATRC) Meetingand Related Meetings with Dialogue Partners အစည်းအဝေး တွင် အဖွဲ့ဝင်နိုင်ငံများ ၏ ဥပဒေပိုင်း ဆိုင်ရာနှင့် မူဝါဒပိုင်း ဆိုင်ရာ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ ဒေသတွင်း လက်ရှိ ကြုံတွေ့နေရသော ဥပဒေပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ အခက်အခဲများ ကို ဆွေးနွေးဆောင်ရွက်ခြင်း၊ ATRC အောက်ရှိ ဆောင်ရွက်လျှက် ရှိသော လုပ်ငန်းများ ၏ စီမံကိန်း ဆောင်ရွက်မှုနှင့် ပြီးစီးမှု အခြေအနေများကို အဓိကထား ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးများ မှ ဆွေးနွေးပွဲ ရလဒ်များ ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ တွင် ဘရူနိုင်း ဒါရူဆလင် နိုင်ငံ ၌ ကျင်းပပြုလုပ်မည့် 16thASEAN Telecommunication Ministers Meeting နှင့် 17th ASEAN Telecommunication SeniorOfficials’ Meeting အစည်းအဝေးများ သို့ ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။

2nd ASEAN TELSOM-ATRC Leaders’ Retreat Meeting နှင့် 22nd ASEAN Telecommunications Regulators’ Council Meeting အစည်းအဝေးများ နှင့် ဆက်စပ် အစည်းအဝေးများ အဖြစ်၂၀၁၆ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ တွင် Sub Working Group on Spectrum Management (SSM) Meeting အစည်းအဝေး နှင့်  Workshop on International Mobile Roaming (IMR) Charges အစည်းအဝေးများ ကို လည်ကောင်း၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နေ့လည်ပိုင်း တွင် JAPAN-ASEAN Symposium on IoT (Internet of Things) ကို လည်းကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ 2nd ASEAN TELSOM-ATRC  Leaders’ Retreat Meeting မှာ ဒုတိယ အကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများ နှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီတို့ ၏ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး ဖြစ်ပြီး 22nd ASEAN  Telecommunications Regulators’ Council Meeting မှာ (၂၂)ကြိမ်မြောက် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီ အစည်းအဝေး ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါအစည်းအဝေးများ အား အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပပေးခြင်း ဖြစ်ပါသည်။