ASEAN TELSOM – ATRC Joint Working Group Meeting 2019 and Related Meetings with Dialogue Partners and ITU အစည်းအဝေးကျင်းပ

၁။ အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာအရာရှိကြီးများနှင့် အာဆီယံဆက်သွယ်ရေး ဥပဒေပြုသူများကောင်စီတို့၏ စီမံကိန်းအကောင်အထည်ဖော်ရေး အစည်းအဝေး ၂၀၁၉ နှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေး (ASEAN TELSOM – ATRC Joint Working Group Meeting 2019 and Related Meetings with Dialogue Partners and ITU) ကို ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ Novotel Yangon Max Hotel တွင် ကျင်းပပါသည်။

၂။  အစည်းအဝေးတွင် ASEAN ICT Masterplan 2020 (AIM 2020) အရ ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ASEAN Telecommunications and Information Technology Senior Officials Meeting (TELSOM) အောက်၌ ဆောင်ရွက်လျက်ရှိသော ၂၀၁၈ ခုနှစ် စီမံကိန်းများနှင့် ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းများ၊ (၁၈) ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးမှ အတည်ပြုချမှတ်ခဲ့သည့် လုပ်ငန်းအစီအစဉ်များ၊ 1st TELMIN Retreat 2019 နှင့် 1st ASEAN TELSOM – ATRC Leaders’ Retreat 2019 တို့၏ လမ်းညွှန်ချက်များအရ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် AIM 2020 အလွန် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများ စသည်တို့ကို အဓိကထား ဆွေးနွေးသွားကြမည်ဖြစ်ပါသည်။

၃။  ASEAN TELSOM – ATRC Joint Working Group Meeting 2019 နှင့် ကျောကပ် အစည်းအဝေးများအဖြစ် 9th Sub – Working Group on Spectrum Management  နှင့်  US - ABC မှ စီစဉ်ပြုလုပ်သည့်  2019 ASEAN - US Digital Policy Consultative Forum 2 တို့ကို ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ စီစဉ် ပြုလုပ်သည့် ASEAN TELSOM - ATRC project Implementation and Funding Management Manual (ATPMM) Workshop ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် လည်းကောင်း ဆက်လက်ကျင်းပပြုလုပ်ပါသည်။

၄။   ASEAN TELSOM – ATRC Joint Working Group Meeting 2019 and Related Meetings with Dialogue Partners and ITU တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင် ဦးဆောင်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း (၆၅) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အာဆီယံဆက်သွယ်ရေးဆိုင်ရာအစည်းအဝေးများအား အလှည့်ကျတာဝန်ယူ၍ အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။