Applied AI Tools for Smarter, Secure and Ethical Practices သင်တန်းဖွင့်ပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆  ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Applied AI Tools for Smarter, Secure and Ethical Practices သင်တန်း၏ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စာသင်ခန်းမ ၁ တွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၃၁ ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   Applied AI Tools for Smarter, Secure and Ethical Practices သင်တန်းကို ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း (MDEA) နှင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း တို့ ပူးပေါင်း၍ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သင်တန်းတွင် ChatGPTGeminiCopilotNotion AICanva AI စသည့် AI Tools များကို အဆင့်မြင့်အသုံးချ မှတ်စုရေးမှတ်ခြင်း၊ အစီရင်ခံစာများ အနှစ်ချုပ်ရေးသားခြင်း၊ သုတေသနပြုလုပ်ခြင်း၊ အစည်းအဝေးမှတ်တမ်းများမှ အချက်အလက်များ ထုတ်ယူရေးသားခြင်း၊ လုပ်ငန်းစဉ်များအား အလိုအလျောက် စီမံခန့်ခွဲနိုင်ခြင်း၊ ဒီဇိုင်းများနှင့် Presentation များကို လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်ခြင်း စသည့်ဖြင့် သင်ခန်းစာများကို ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

   Applied AI Tools for Smarter, Secure and Ethical Practices သင်တန်းသည် ရက်သတ္တပတ် ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း  သိရှိရပါသည်။