Advanced Networking I သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Advanced Networking I သင်တန်းမျာ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၂၄) ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ဦးစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဦးကောင်းထက်၊ ဒုတိယဆုရရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဝင်းမင်းသန့်၊ တတိယဆုရရှိသော အလုပ်သမားဝန်ကြီးဌာနမှ ဒေါ်ဆုသိင်္ဂီမြင့်‌ဌေး တို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။