Advanced Networking I သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Advanced Networking I သင်တန်းများဖွင့်ပွဲကို စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ E-Learning စာသင်ခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်မျိုးကျော်၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၂၄)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

   ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ သင်တန်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် နှင့် လက်တွေ့ပြန်လည် အသုံးချနိုင်စေရန် လေ့လာဆည်းပူးသွားကြရန် မှာကြားခဲ့ပါသည်။ နက်ဝပ်ကွန်ယက်ချိတ်ဆက်ခြင်းဆိုင်ရာနှင့် ပတ်သက်သည့် ပညာရပ်များ။ ပုံမှန်လုပ်ဆောင်သင့်သည့် နက်ဝပ်လုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Advanced Networking I သင်တန်းသည် ရက်သတ္တပတ် (၃)ပတ်ကြာ သင်တန်းဖြစ်ပြီး သင်တန်းကာလမှာ (၂၅.၉.၂၀၂၃) ရက်နေ့မှ (၁၃.၁၀.၂၀၂၃) ရက်နေ့အထိ ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။