The 45th Session of the Management Committee of Asia Pacific Telecommunity (MC-45) သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်

အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့(အေပီတီ) ၏ The 45th Session of the Management Committee of Asia Pacific Telecommunity (MC-45) အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိလည်းကောင်း ၎င်းနှင့်တစ်ဆက်တစ်စပ်တည်းအဖြစ် Seminar on Progress in APT for the year 2021 ဆွေးနွေးပွဲအား နိုဝင်ဘာလ (၂၉) ရက်နေ့တွင် လည်းကောင်း Virtually ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။  အစည်းအဝေးသို့ အာရှ-ပစိဖိတ်‌ဒေသတွင်းနိုင်ငံများမှ  ကိုယ်စားလှယ်စုစုပေါင်း ( ၁၀၀ ) ဦးခန့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 အစည်းအဝေးတွင်၂၀၂၁ ခုနှစ်အတွင်း အေပီတီ၏ ဆောင်ရွက်ခဲ့သည့် Work Program များ၊ Report များအပေါ် သုံးသပ်ဆွေးနွေးခြင်း ၊ APT Strategic Plan for 2021-2023 အတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် ဆွေးနွေးခြင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မည့် Work Programme များနှင့် Annual Budget အား အတည်ပြုဆွေးနွေးခဲ့ပါသည်။