3rd Joint Technical Committee on Coordination and Assignment of Frequencies Along Myanmar - Thailand Common Border Meeting (JTC-3)

၁။  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ထိုင်းနိုင်ငံ ၏ National Broadcasting and Telecommunications Commission (NBTC) နှင့် ပူးပေါင်း၍ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်တွင် လှိုင်းနှုန်းအသုံးပြုခြင်းကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံကိုယ်စားလှယ်များပါဝင်သည့် နှစ်နိုင်ငံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Joint Technical Committee-JTC) ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး JTC  အစည်းအဝေးများ အား တစ်နှစ်လျှင်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် နှစ်နိုင်ငံမှ အလှည့်ကျကျင်းပပေးရလေ့ရှိရာ တတိယ အကြိမ်မြောက် The 3rd Joint Technical Committee on Coordination and Assignment of Frequencies Along Thailand-Myanmar Common Border Meeting (JTC-3) အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပုဂံမြို့ The Bagan Umbra Hotel တွင် ကျင်းပခဲ့ရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အစီအစဉ်အရ ထိုင်းနိုင်ငံ၊ National Broadcasting and Telecommunications Commission ,Spectrum Management Bureau, Executive Director ဖြစ်သူ Mr.Saneh Saiwong  မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၂။ JTC အစည်းအဝေးသည် နှစ်နိုင်ငံနယ်နမိတ်တွင် လှိုင်းနှုန်း အချင်းချင်းနှောင့်ယှက်မှုများ ဖြစ်ပေါ်ပါက စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း တိုင်းတာခြင်း လုပ်ငန်းများ နှစ်နိုင်ငံသက်ဆိုင်ရာပါ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး JTC အစည်းအဝေးတွင်အစီအစဉ် (Agenda) တစ်ရပ်အနေဖြင့်တင်ပြဆွေးနွေးကြပါသည်။ အစည်းအဝေး သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရုပ်သံထုတ်လွှင့်မှုကဏ္ဍဆိုင်ရာမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ၊ National Broadcasting and Telecommunications Commission (NBTC) မှ ကိုယ်စားလှယ် များ အပါအဝင် စုစုပေါင်း ( ၉၀ ) ဦးခန့်  တက်ရောက် လျက်ရှိပါသည်။ အဆိုပါ JTC အစည်းအဝေးကို ဇန်နဝါရီလ (၁၆) ရက်နေ့အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။