2600 MHz Spectrum Auction သတင်းထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် 2600 MHz လှိုင်းနှုန်းစဉ်လေလံအား နေပြည်တော်ရှိ The Hotel Royal ACE တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် စတင်ပြုလုပ်ခဲ့ရာ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုမ္ပဏီ (၉) ခုမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပထမနေ့ အစီအစဉ်အား (၁၉:၁၅) နာရီတွင် ခေတ္တရပ်နားခဲ့ပြီး Round (၁၁) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

လေလံအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့များတွင် အဆိုပါ ဟိုတယ်၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ (၁၉) ရက်နေ့ (၁၅:၀၀) နာရီတွင် Round  စုစုပေါင်း (၃၂) ခုဖြင့် လေလံအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

2600 MHz လှိုင်းနှုန်းစဉ်လေလံအား Simultaneous Multiple-Rounds Ascending Auction (SMRA) စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းစနစ်၏ သတ်မှတ်ချက်အရ လေလံ အောင်မြင်သည့်သူများသည် မိမိတို့အနိုင်ရရှိခဲ့သော Lot ၏ စျေးနှုန်းအဖြစ် အဆိုပါ Lot အား ပါဝင်ယှဉ်ပြိုင်သည့် အခြားသူမှပေးခဲ့သော နောက်ဆုံးစျေးနှုန်းဖြင့် ပေးဆောင်ရမည် ဖြစ်ပါသည်။ လေလံရလာဒ်များအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပါသည်။