24th ASEAN Telecommunication Regulators’ Council Meeting နှင့် 2nd TELSOM-ATRC Leaders’ Retreat အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း

 

၁။      (၂၄) ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးဥပဒေပြုသူများကောင်စီအစည်းအဝေး (24th ASEAN Telecommunication Regulators’ Council Meeting – 24th ATRC) နှင့် ဒုတိယအကြိမ် အာဆီယံဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေးဥပဒေပြုသူများကောင်စီခေါင်းဆောင်များအလွတ်သဘော အစည်းအဝေး (2nd TELSOM-ATRC Leaders’ Retreat) တို့ကို စင်္ကာပူနိုင်ငံ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် နေ့မှ ၁၇ ရက်နေ့အထိကျင်းပပြုလုပ်ရာ အစည်းအဝေးများသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

၂။      အစည်းအဝေးများတွင် Regulatory and Policy Highlights များ၊ ၂၀၁၈ ခုနှစ်တွင် ATRC ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်သော စီမံကိန်းများ၏တိုးတက်မှုအခြေအနေများ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်မည့် (18th TELMIN) အစည်းအဝေးသို့ တင်ပြမည့် ဦးစားပေးအစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး၊ ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ATRC နှင့်ပတ်သက်၍ ဆုံးဖြတ်ခြင်းများ၊ ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးတို့ကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

၃။      24th ATRC အစည်းအဝေးမှာ ၂၀၁၈ ခုနှစ်အတွက် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပြုသူများ ကောင်စီအစည်းအဝေးဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပြုသူများ တက်ရောက်ခဲ့ကြပါသည်။ 2nd TELSOM-ATRC Leaders’ Retreat အစည်းအဝေးသည် ၂၀၁၈ ခုနှစ်အတွက် ဒုတိယအကြိမ်ကျင်းပသော အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဆိုင်ရာ ဥပဒေပြုသူများကောင်စီခေါင်းဆောင်များ အလွတ်သဘော ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး၊ အာဆီယံနိုင်ငံများမှ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

၄။      စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် 2nd TELSOM-ATRC Leaders’ Retreat အစည်းအဝေးမတိုင်မီ 1st TELSOM-ATRC Leaders’ Retreat အစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်ရှိ MGallery Hotel တွင် ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက် နေ့မှ ၈ ရက်နေ့အထိ လက်ခံကျင်းပခဲ့ပါသည်။