2019 ASEAN-US Digital Policy Consultative Forum 2 အား ကျင်းပခြင်း

 

၁။      2019 ASEAN – US Digital Policy Consultative Forum 2 အား ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့၊ နေ့လည် ၁:၀၀ နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ Novotel Yangon Max Hotel ၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပါသည်။

၂။       ဆက်လက်၍ Cisco System (Asia Paciffic) , Global Policy & Government Affairs., Executive Director  ဖြစ်သူ  Mr. Scow Hiong Goh  မှ ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခဲ့ပါသည်။

၃။      ၄င်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ US ပုဂ္ဂလိက Sector မှ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ကြပါသည်။

၄။      အဆိုပါဖိုရမ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံဒေသတွင်း ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်ဒေတာအုပ်ချုပ်မှု ပိုမိုတောင့်တင်းခိုင်မာလာစေရန်၊ ဒေတာအီကိုစနစ် လုံခြုံရေးကို အားကောင်းလာစေရေး အထောက်အပံ့ပေးရန်၊ အာဆီယံအား ဒစ်ဂျစ်တယ်ဒေတာအုပ်ချုပ်မှုကို အကောင်းဆုံးအတွေ့အကြုံများဖြင့်သာမက ဦးဆောင်အဖြစ် ထူထောင်နိုင်ရေး အာဆီယံ အတွင်း လုံခြုံစိတ်ချသေချာသည့် အကောင်းဆုံးအတွေ့အကြုံများနှင့်  မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ် များအပေါ်တွင် အမြင်များဖလှယ်၍ ဆန်းစစ်ရန် စသည်တို့အတွက် ကျင်းပခြင်းဖြစ်ပါသည်။