“National Consultation for Assessment of the Legal and Regulatory Frameworks on Electronic Commerce in CLMV” အစည်းအဝေးပွဲကျင်းပပြုလုပ်

   Initiative for ASEAN Integration (IAI) အစီအစဉ်အရ “Assessment of the Legal and Regulatory Frameworks on Electronic Commerce in CLMV” စီမံချက်အား ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၌ e-Commerce ဆိုင်ရာ ဥပဒေမူဘောင်များ လက်ရှိ ပြဌာန်းထားရှိမှုအခြေအနေကို ဆန်းစစ်လေ့လာအကဲဖြတ်ရန်အတွက် National Consultation အစည်းအဝေးကို အာဆီယံ ကိုယ်စားပြု Daiwa Institute of Research Ltd., မှ ကျွမ်းကျင်ပညာရှင်များနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်()တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးသို့ Daiwa Institute of Research Ltd., မှ ကျွမ်းကျင် ပညာရှင်များ၊ ဖိတ်ကြားထားသော ဌာနများမှ ကိုယ်စားလှယ်များ အသီးသီး တက်ရောက် ခဲ့ကြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

   ထိုသို့ အဖွင့်အမှာစကား ပြောကြားရာတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ICT နည်းပညာများ၊ Smart ဖုန်း အသုံးပြုမှုများ၊ အင်တာနက် ချိတ်ဆက်ရရှိနိုင်မှုများနှင့်အတူ အာဆီယံဒေသတွင်းမှာ e-Commerce လုပ်ငန်းများဟာလည်း အလျင်အမြန်ပဲ တိုးတက် များပြားလာလျက်ရှိပါတယ်။ ဒီ e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ကြုံတွေ့လာရပြီ ဖြစ်ပါတယ်။ ဒီအခက်အခဲ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကတော့ လုပ်သာကိုင်သာရှိတဲ့ ဝန်းကျင်ကောင်း တစ်ရပ်ကို ဖန်တီးပေးနိုင်မယ့် ဥပဒေမူဘောင်များ ထွက်ပေါ် လာစေဖို့ ဖြစ်ပါ တယ်။     ယနေ့ကျင်းပပြုလုပ်တဲ့ အစည်းအဝေးကနေပြီး ကျွန်တော်တို့ နိုင်ငံအတွက် ဆိုက်ဘာနဲ့ ပတ်သက်လို့ အထူးသဖြင့် e-commerce အတွက် လိုအပ်နေတဲ့  ဥပဒေ၊ မူဝါဒတွေ ပေါ်ထွက် လာစေဖို့အတွက် များစွာအကျိူးကျေးဇူးရရှိမယ်လို့ မျှော်လင့်ပါတယ်။ဟု ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

   ထို့နောက် အာဆီယံမှ ကျွမ်းကျင်ပညာရှင်များ၊ တက်ရောက်လာကြသော ကိုယ်စားလှယ် များမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်မှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအား ရှင်းလင်းပြောကြား၍ အစည်းအဝေးကို နေ့လည် () နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။