“The 1st ASEAN Cyber Shield Online Education Program” အား လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာခြင်း

တောင်ကိုရီးယားနိုင်ငံနှင့်  အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တစ်ခု ဖြစ်သည့် “The 1st ASEAN Cyber Shield Online Education Program” အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက် နေ့အထိ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသားကျောင်းသူများမှ လျှောက်ထားနိုင်ပါသည်။

အဆိုပါသင်တန်းသို့ အာဆီယံနိုင်ငံတစ်နိုင်ငံလျှင် ကျောင်းသား/ကျောင်းသူ ၁၀ ဦးစီ တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်သူများအနေဖြင့် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြုလုပ်မည့် Bootcamp သို့ ဆက်လက်တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ တက်ရောက်လိုသူများသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံသားများဖြစ်ရန်၊ ဆိုက်ဘာလုံခြုံရေး၊ ကွန်ပျူတာအင်ဂျင်နီယာ သို့မဟုတ် ၎င်းနှင့် ဆက်စပ်ဘာသာရပ်များအား တက္ကသိုလ်တွင် လက်ရှိသင်ကြားလျက်ရှိသူများဖြစ်ရန်နှင့် Network Security, System Security, Web Application Security, Forensics, Cryptography, Reversing, Vulnerability Analysis, Penetration Testing စသည့် နယ်ပယ်တစ်ခုခုနှင့် ရင်းနှီးမှုရှိသူများ ဖြစ်ရန် လိုအပ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ၁၅-၂-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍   အချက်အလက်များကို “https://forms.gle/w3YvzgF49Qs4BcT56” Link ရှိ ပုံစံတွင် ဖြည့်သွင်းကာ လျှောက်ထားရမည် ဖြစ်ပါသည်။