“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်မှု ဖြစ်ပွားခြင်း

 

 ၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဗော်ယာ မ/ချ ရေယာဉ် “ဆင်ပြောင်”သည် ကမ်းရိုးတန်း တစ်လျှောက်ရှိ မီးပြတိုက်များ ရေလမ်းကြောင်းလမ်းပြဗော်ယာများ ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် မာန်အောင်ကျွန်းမီးပြတိုက်နှင့် တစ်မိုင်ခွဲအကွာ ပင်လယ်ပြင်တွင် ကျောက်ချ အခြေပြုစဉ် ၁၁-၂-၂၀၁၉ ရက်နေ့၊ နံနက် (၀၄:၃၀) အချိန်ခန့်တွင် နစ်မြုပ်သွားခဲ့မှု ဖြစ်စဉ်   ဖြစ်​ပွားခဲ့ပါသည်။

၂။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဗော်ယာ မ/ချ ရေယာဉ် “ဆင်ပြောင်” သည် ကမ်းရိုးတန်း တစ်လျှောက်ရှိ မီးပြတိုက်များ ရေလမ်းကြောင်းလမ်းပြဗော်ယာများ ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရခိုင်ကျွန်းပတ်ခရီးစဉ်အဖြစ် ရေယာဉ်ဝန်ထမ်း​ (၂၄) ဦး၊ မီးပြတိုက် ဝန်ထမ်း (၉) ဦး၊ စုစုပေါင်း (၃၃) ဦးအား တင်ဆောင်၍  ၇-၂-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပါသည်။

၃။      “ဆင်ပြောင်”ရေယာဉ်သည် မာန်အောင်မီးပြကျွန်းသို့ ၁၀-၂-၂၀၁၉ ရက်နေ့၊ နံနက်(၀၆:၀၀) နာရီတွင် ရောက်ရှိကြောင်း ရုံးချုပ်သို့ သတင်းပေးပို့ခဲ့ပါသည်။ သက်ဆိုင်ရာ မီးပြဝန်ထမ်း (၉) ဦးသည် ဆင်ပြောင်ရေယာဉ်မှ မာန်အောင်ကျွန်းမီးပြပေါ်သို့ တက်ရောက်၍ မီးပြတိုက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပါသည်။ ရေယာဉ်ဝန်ထမ်း (၂၄) ဦးနှင့် မာန်အောင်ကျွန်း မီးပြမှ ဒေသခံ မီးပြဝန်ထမ်း (နေ့စား) တစ်ဦး အပါအဝင် စုစုပေါင်း (၂၅) ဦးသည် “ဆင်ပြောင်” ရေယာဉ်ဖြင့် မာန်အောင်ကျွန်းမီးပြတိုက်နှင့် တစ်မိုင်ခွဲအကွာ ပင်လယ်ပြင်တွင် ကျောက်ချအခြေပြုခဲ့ပါသည်။ ၁၁-၂-၂၀၁၉ ရက်နေ့ နံနက်(၀၄:၀၀)အချိန်ခန့်တွင် မီးပြကျွန်းတွင် အခြေပြုနေသော မီးပြအဖွဲ့သည် ကျောက်ချထားသည့် ဆင်ပြောင်ရေယာဉ်၏ မီးရောင်ပျောက်နေပြီး ခရာသံ ကြားရသောကြောင့် အဆက်အသွယ်ပြုလုပ်ရာ မရရှိသဖြင့် ဒေသခံလှေ(၂)စီးဖြင့်သွားရောက်ခဲ့ရာ“ဆင်ပြောင်”ရေယာဉ် ကို မတွေ့ရှိရတော့ဘဲ ရေထဲမျောပါနေသည့် ရေယာဉ်ဝန်ထမ်း(၇)ဦးကိုသာ ကယ်ဆယ်ရရှိခဲ့ပါသည်။

၄။      ဆယ်တင်ရရှိသူများကို မေးမြန်းချက်အရ ရေယာဉ်သည် ကျောက်ချအခြေပြုနေစဉ် ရေယာဉ် အတွင်းသို့ ရေများအလုံးအရင်းဖြင့် ရုတ်တရက်ဝင်ရောက်လာပြီး ရေများစုပ်ယူရန် ကြိုးစားနေစဉ် နာရီဝက်ခန့်အချိန်အတွင်း၌ပင် ဝဲဘက်သို့စောင်း၍ ၁၁-၂-၂၀၁၉ ရက်နေ့၊ နံနက် (၀၄:၃၀) အချိန်ခန့် တွင် အလျင်အမြန်နစ်မြုပ်သွားကြောင်း သိရှိရပြီး ဖြစ်ပွားရသည့်အကြောင်းအရင်းကို လတ်တလော ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။

၅။      ဆင်ပြောင်ရေယာဉ်နှင့် ပတ်သက်သည့်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

သင်္ဘောတည်ဆောက်သည့်ခုနှစ်              -      ၁၉၅၉ ခုနှစ်

သင်္ဘောတည်ဆောက်သည့်နိုင်ငံ              -      Pacific Island (Hong Kong)

သင်္ဘောအလျား                                   -      ၁၉၄ ပေ

သင်္ဘောအနံ                                         -      ၃၉ ပေ

သင်္ဘောရေစူး                                       -      ၁၁ပေ

သင်္ဘောသွားနှုန်း                                  -      ၇ မိုင်

တန်ချိန်                                             -      ၇၄၂.၉၄ တန်

နောက်ဆုံးလွန်းဆင်းခဲ့သည့်နေ့ရက်                  -      ၁၂.၂.၂၀၁၈

လွန်းတင်သည့်သင်္ဘောကျင်း                          - ဆင်မလိုက်တန်ချိန် (၁၂၀၀၀) သင်္ဘောကျင်း

၆။      ဖြစ်စဉ်​တွင် ရေယာဉ်ဝန်ထမ်း (၂၄)ဦး အနက် (၇)ဦးအား အသက်ရှင်လျက် ပြန်လည် ဆယ်ယူ ရရှိပြီး ကျန်ရေယာဉ်ဝန်ထမ်း (၁၇) ဦးနှင့် ဒေသခံမီးပြတိုက် ဝန်ထမ်း(၁) ဦး၊ စုစုပေါင်း (၁၈)ဦး(ရေယာဉ်မှူးအပါအဝင်)ပျောက်ဆုံးလျက်ရှိကြောင်း၊ လက်ရှိစုံစမ်းသိရှိချက်အရ ပျောက်ဆုံး သူများထဲမှ ဝန်ထမ်း (၂) ဦး၏ အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိရကြောင်း သိရှိရပါသည်။

၇။      ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ် ပါသည်။

၈။      “ဆင်ပြောင်” ရေယာဉ်နစ်မြုပ်မှုနှင့် ပျောက်ဆုံးလျက်ရှိသည့် ရေယာဉ်ဝန်ထမ်း များအား ပြန်လည် ရှာ​ဖွေတွေ့ရှိရေးတို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော် (ရေ) တို့သို့ သတင်းပေးပို့ထားပြီး၊ တပ်မတော် (ရေ) ၏ အနီးစပ်ဆုံးရှိသော မာန်အောင်ကျွန်း ရေတပ်စခန်းမှ စစ်ရေယာဉ်  (၅၅၂)  သည် မာန်အောင်ကျွန်းမီးပြသို့  ၁၁-၂-၂၀၁၉  ရက်နေ့၊ (၁၃:၃၀) နာရီခန့်တွင် ​ရောက်ရှိမည် ဖြစ်ပါသည်။ မာန်အောင်ကျွန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံစက်လှေ (၃) စီး (ဆေးအဖွဲ့အပါအဝင်) ဖြင့် လည်းကောင်း၊ မာန်အောင်ကျွန်းမီးပြအနီးရှိ  ဒေသခံစက်လှေ(၅)စီးဖြင့် လည်းကောင်း ကယ်ဆယ် ရှာဖွေလျက် ရှိပါကြောင်း၊ မာန်အောင်ကျွန်း မီးပြတိုက်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့လည်း ဒေသခံစက်လှေဖြင့် သွားရောက်၍ ရေယာဉ်ဝန်ထမ်းများအား ကယ်ဆယ်ရရှိ ပါက မာန်အောင်ကျွန်းမီးပြတိုက်သို့ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့ရန် လိုက်လံ ဆက်သွယ်ထားပါ ကြောင်း သိရှိရပါသည်။

 

၁၁-၂-၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီးနစ်မြုပ်သွားသော “ဆင်ပြောင်”ရေယာဉ်မှ

ပျောက်ဆုံး/ အလောင်းရ/ ကယ်ဆယ်ရရှိ ဝန်ထမ်းစာရင်း

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁။

ဦးထွန်းထွန်း

၃၁၇၀၄

ရေယာဉ်မှူး

ပျောက်ဆုံး

၂။

ဦးထွန်းအောင်

၆၆၈၇၂

ပူးတွဲရေယာဉ်မှူး

ပျောက်ဆုံး

၃။

ဦးဇေဖြိုးအောင်

၃၂၃၃၃

အင်ဂျင်နီယာမှူး

ပျောက်ဆုံး

၄။

ဦးမျိုးမင်းထွန်း

၃၂၃၃၉

တ-အင်ဂျင်နီယာ

ပျောက်ဆုံး

၅။

ဦးတင်မောင်ဝင်း

၃၆၅၈၃

လျှပ်စစ်ကျွမ်းကျင်

ပျောက်ဆုံး

၆။

ဦးခင်စိုး

၆၃၈၉၈

စက်ခန်းအုပ်

ပျောက်ဆုံး

၇။

ဦးမင်းလွင်

၄၂၇၄၄

သင်္ဘောသား

ပျောက်ဆုံး

၈။

ဦးမြတ်ဆွေ

၃၁၇၄၉

သင်္ဘောသား

ပျောက်ဆုံး

၉။

ဦးသိန်းလွင်

၆၃၀၇၈

သင်္ဘောသား

ပျောက်ဆုံး

၁၀။

ဦးမင်းဇော်ထွေး

၆၇၈၀၇

သင်္ဘောသား

ပျောက်ဆုံး

၁၁။

ဦးကျော်လင်းအေး

၆၅၆၄၀

သင်္ဘောသား

ပျောက်ဆုံး

၁၂။

ဦးကံရှိန်

၇၀၄၂၅

ဆီလောင်း

ပျောက်ဆုံး

၁၃။

ဦးသန်းထိုက်

၆၅၇၂၉

ဆီလောင်း

ပျောက်ဆုံး

၁၄။

ဦးကျော်ကျော်မိုး

၆၇၇၈၇

ဆီလောင်း

ပျောက်ဆုံး

၁၅။

ဦးတင်ဇော်ဝင်း

၆၉၁၅၁

စက်မှုအင်ဂျင်နီယာဌာန

ပျောက်ဆုံး

၁၆။

ဦးအောင်သိန်းညွန့်

နေ့စား

ဒေသခံမီးပြဝန်ထမ်း

ပျောက်ဆုံး

၁၇။

ဦးမြတ်မော်

၃၂၀၃၄

ဆက်သွယ်ရေးတာဝန်ခံ

အလောင်းတွေ့

၁၈။

ဦးကျော်ညွန့်

၆၄၃၈၀

စက်မှုအင်ဂျင်နီယာဌာန

အလောင်းတွေ့

၁၉။

ဦးမိုးလွင်

၃၂၃၅၀

ရေယာဉ်အရာရှိ

ကယ်ဆယ်ရရှိ

၂၀။

ဦးသန့်ဇင်အောင်

၆၆၂၃၆

ဒု-အရာရှိ

ကယ်ဆယ်ရရှိ

၂၁။

ဦးသန့်ဇော်ဦး

၆၃၁၁၂

ကုန်းပတ်မှူး

ကယ်ဆယ်ရရှိ

၂၂။

ဦးထွန်းရွှေ

၆၄၅၃၅

ဆီလောင်း

ကယ်ဆယ်ရရှိ

၂၃။

ဦးမြင့်အောင်

၆၅၆၆၆

ဆီလောင်း

ကယ်ဆယ်ရရှိ

၂၄။

ဦးကိုကိုဦး

၃၂၂၃၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၂၅။

ဦးဇော်ဌေး

၆၄၆၁၀

ဆီလောင်း

ကယ်ဆယ်ရရှိ