“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်မှု နောက်ဆက်တွဲ သတင်း (၁၈-၂-၂၀၁၉)

 

၁၈.၂.၂၀၁၉ ရက်နေ့၊ နံနက် ၀၉:၃၀အချိန်တွင် မာန်အောင်မြို့၊ မြို့နယ်ခန်းမ၌“ဆင်ပြောင်” ရေယာဉ်နစ်မြုပ်ရာတွင် ကယ်ဆယ်ရေး၊ ရှာဖွေရေးလုပ်ငန်းများ၌ ပါဝင်ကူညီခဲ့သူများအတွက် ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

ပျောက်ဆုံးလျက် ရှိသည့် ရေယာဉ် ဝန်ထမ်းများကို ရှာဖွေ ကယ်ဆယ်ရေး အတွက် ဒေသခံ အဖွဲအစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်(ရေ) နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများဖြင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ၁၈-၂-၂၀၁၉ ရက်နေ့၊ ညနေ(၁၇:၀၀) အချိန်အထိ ပျောက်ဆုံးဝန်ထမ်း​ (၇)ဦးကို ထပ်မံ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။

ထို့ကြောင့် ၁၈.၂.၂၀၁၉ ရက်နေ့အထိ Dead Body (၁၂) ခု တွေ့ရှိထားပြီး ရေယာဉ်ဝန်ထမ်း (၇)ဦး ပျောက်ဆုံးဆဲ ဖြစ်ပါသည်။

 

၁၁-၂-၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီး နစ်မြုပ်သွားသော

“ဆင်ပြောင်”ရေယာဉ်မှ

ကယ်ဆယ်ရရှိ / အလောင်းရ / ပျောက်ဆုံး ဝန်ထမ်းစာရင်း

(၁၈-၂-၂၀၁၉ ရက်နေ့ ညနေ ၁၇:၀၀ အချိန်အထိ ရရှိစာရင်း)

(၁၇-၂-၂၀၁၉ ရက်နေ့ စာရင်းအတိုင်းသာ)

ကယ်ဆယ်ရရှိ စာရင်း (၇)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁။

ဦးမိုးလွင်

၃၂၃၅၀

ရေယာဉ်အရာရှိ

ကယ်ဆယ်ရရှိ

၂။

ဦးသန့်ဇင်အောင်

၆၆၂၃၆

ဒု-အရာရှိ

ကယ်ဆယ်ရရှိ

၃။

ဦးသန့်ဇော်ဦး

၆၃၁၁၂

ကုန်းပတ်မှူး

ကယ်ဆယ်ရရှိ

၄။

ဦးထွန်းရွှေ

၆၄၅၃၅

ဆီလောင်း

ကယ်ဆယ်ရရှိ

၅။

ဦးမြင့်အောင်

၆၅၆၆၆

ဆီလောင်း

ကယ်ဆယ်ရရှိ

၆။

ဦးကိုကိုဦး

၃၂၂၃၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၇။

ဦးဇော်ဌေး

၆၄၆၁၀

ဆီလောင်း

ကယ်ဆယ်ရရှိ

 

အလောင်းရရှိ စာရင်း (၁၂)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

တွေ့ရှိရက်စွဲ

၈။

ဦးမြတ်မော်

၃၂၀၃၄

ဆက်သွယ်ရေးတာဝန်ခံ

၁၁-၂-၂၀၁၉

၉။

ဦးကျော်ညွန့်

၆၄၃၈၀

စက်မှုအင်ဂျင်နီယာဌာန

၁၀။

ဦးထွန်းထွန်း

၃၁၇၀၄

ရေယာဉ်မှူး

၁၂-၂-၂၀၁၉

၁၁။

ဦးထွန်းအောင်

၆၆၈၇၂

ပူးတွဲရေယာဉ်မှူး

၁၂။

ဦးတင်မောင်ဝင်း

၃၆၅၈၃

လျှပ်စစ်ကျွမ်းကျင်

၁၃။

ဦးမြတ်ဆွေ

၃၁၇၄၉

သင်္ဘောသား

၁၄။

ဦးသိန်းလွင်

၆၃၀၇၈

သင်္ဘောသား

၁၅။

ဦးထွန်းဦး

-

ကုန်းပတ်မှူး(အငြိမ်းစား)

၁၆။

ဦးမင်းလွင်

၄၂၇၄၄

သင်္ဘောသား

၁၃-၂-၂၀၁၉

၁၇။

ဦးမင်းဇော်ထွေး

၆၇၈၀၇

သင်္ဘောသား

၁၈။

ဦးသန်းထိုက်

၆၅၇၂၉

ဆီလောင်း

၁၄-၂-၂၀၁၉

၁၉။

ဦးတင်ဇော်ဝင်း

၆၉၁၅၁

စက်မှုအင်ဂျင်နီယာဌာန

၁၆-၂-၂၀၁၉

 

ပျောက်ဆုံးဆဲစာရင်း (၇)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၂၀။

ဦးဇေဖြိုးအောင်

၃၂၃၃၃

အင်ဂျင်နီယာမှူး

ပျောက်ဆုံး

၂၁။

ဦးမျိုးမင်းထွန်း

၃၂၃၃၉

တ-အင်ဂျင်နီယာ

ပျောက်ဆုံး

၂၂။

ဦးခင်စိုး

၆၃၈၉၈

စက်ခန်းအုပ်

ပျောက်ဆုံး

၂၃။

ဦးကျော်လင်းအေး

၆၅၆၄၀

သင်္ဘောသား

ပျောက်ဆုံး

၂၄။

ဦးကံရှိန်

၇၀၄၂၅

ဆီလောင်း

ပျောက်ဆုံး

၂၅။

ဦးကျော်ကျော်မိုး

၆၇၇၈၇

ဆီလောင်း

ပျောက်ဆုံး

၂၆။

ဦးအောင်သိန်းညွန့်

နေ့စား

ဒေသခံမီးပြဝန်ထမ်း

ပျောက်ဆုံး