“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်မှု နောက်ဆက်တွဲ သတင်း (၁၆-၂-၂၀၁၉)

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဗော်ယာ မ/ချ ရေယာဉ် “ဆင်ပြောင်”သည် မာန်အောင်ကျွန်း မီးပြတိုက်နှင့် တစ်မိုင်ခွဲအကွာ ပင်လယ်ပြင်တွင် ကျောက်ချ အခြေပြုစဉ် ၁၁-၂-၂၀၁၉ ရက်နေ့၊ နံနက်(၀၄:၃၀) အချိန်ခန့်၌ နစ်မြုပ်သွားခဲ့မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၁၁-၂-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

(က)

ဦးဌေးအောင်                                                 

အထွေထွေမန်နေဂျာ

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ဥက္ကဋ္ဌ

( ခ)

ဦးလှမျိုးကျော်                     

ဒုတိယညွှန်ကြားရေးမှူး

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

( ဂ)

ဦးစိုးနိုင်ဦး              

ဒုတိယညွှန်ကြားရေးမှူး

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

(ဃ)

ဦးမြင့်ကျော်                                                   

လက်ထောက်စက်ရုံမှူး

မြန်မာ့သင်္ဘောကျင်းလုပ်ငန်း

အဖွဲ့ဝင်

( င)

ဦးဇော်ထွန်းလွင်                    

အထွေထွေမန်နေဂျာ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အတွင်းရေးမှူး

               

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်(၅)ဦး တို့သည် တပ်မတော်(ရေ) ထောက်ပံ့ရေးရေယာဉ်(၆၁၂)သို့  ၁၆-၂-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကာ“ဆင်ပြောင်” ရေယာဉ်အမြုပ်အား ရေငုပ်စစ်ဆေးမှု အခြေအနေကို စုံစမ်း မေးမြန်း ကြပါသည်။ ထို့နောက်အဆိုပါအဖွဲ့သည် နံနက် (၁၀:၀၀) အချိန်တွင် ရေငုပ်စစ်ဆေးနေမှုအား သွားရောက် ကြည့်ရှုပါသည်။ ၎င်းနောက် မာန်အောင်ကျွန်း မီးပြတိုက်သို့ (၁၀:၄၅)အချိန်ထွက်ခွာကာ မာန်အောင်ကျွန်းမီးပြတိုက် ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက် နေသော မီးပြတိုက်ဝန်ထမ်းများအား “ဆင်ပြောင်” ရေယာဉ်နစ်မြုပ်ခဲ့မှု အခြေအနေ စစ်ဆေး မေးမြန်း ခဲ့ပြီး မာန်အောင်ကျွန်းမီးပြတိုက်မှ မာန်အောင်ကျွန်းမကြီးသို့ (၁၁:၅၀)အချိန်ခန့်တွင် ပြန်လည် ထွက်ခွာ သွားခဲ့ပါသည်။

 

သင်္ဂြိုလ်မှုကိစ္စပြီးစီးသည့် “ဆင်ပြောင်”ရေယာဉ်ဝန်ထမ်းများ၏ မိသားစုများသည် ၁၅.၂.၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အရာရှိတစ်ဦး ဦးစီး၍ မာန်အောင်မြို့မှ ပြန်လည် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ၁၆.၂.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းမွန်စွာ ပြန်လည်ရောက်ရှိ ပါသည်။

 

ကျန်ပျောက်ဆုံးလျက်ရှိသည့် ဝန်ထမ်း(၈)ဦး၏ မိသားစုဝင်များသည်လည်း ၁၆.၂.၂၀၁၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကိုယ်စားလှယ်တစ်ဦး ဦးစီး၍ မာန်အောင် ကျွန်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ၁၇.၂.၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းခန့်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

ပျောက်ဆုံးလျက်ရှိသည့် ရေယာဉ်ဝန်ထမ်းများအား ရှာဖွေ ကယ်ဆယ်ရေးအတွက် ဒေသခံ အဖွဲအစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်(ရေ)နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန် ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၁၆-၂-၂၀၁၉ ရက်နေ့၊ ညနေ(၁၇:၀၀) အချိန်အထိ ပျောက်ဆုံး ဝန်ထမ်း​(၈)ဦးကို ထပ်မံရှာဖွေတွေ့ရှိခြင်း မရှိသေးပါကြောင်း သိရှိရပါသည်။

 

 

၁၁-၂-၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီး နစ်မြုပ်သွားသော

“ဆင်ပြောင်”ရေယာဉ်မှ

ကယ်ဆယ်ရရှိ / အလောင်းရ / ပျောက်ဆုံး ဝန်ထမ်းစာရင်း

(၁၆-၂-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၇:၀၀ အချိန်အထိ ရရှိစာရင်း)

(၁၄-၂-၂၀၁၉ ရက်နေ့ စာရင်းအတိုင်းသာ)

 

ကယ်ဆယ်ရရှိ စာရင်း (၇)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁။

ဦးမိုးလွင်

၃၂၃၅၀

ရေယာဉ်အရာရှိ

ကယ်ဆယ်ရရှိ

၂။

ဦးသန့်ဇင်အောင်

၆၆၂၃၆

ဒု-အရာရှိ

ကယ်ဆယ်ရရှိ

၃။

ဦးသန့်ဇော်ဦး

၆၃၁၁၂

ကုန်းပတ်မှူး

ကယ်ဆယ်ရရှိ

၄။

ဦးထွန်းရွှေ

၆၄၅၃၅

ဆီလောင်း

ကယ်ဆယ်ရရှိ

၅။

ဦးမြင့်အောင်

၆၅၆၆၆

ဆီလောင်း

ကယ်ဆယ်ရရှိ

၆။

ဦးကိုကိုဦး

၃၂၂၃၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၇။

ဦးဇော်ဌေး

၆၄၆၁၀

ဆီလောင်း

ကယ်ဆယ်ရရှိ

 

အလောင်းရရှိ စာရင်း (၁၁)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

တွေ့ရှိရက်စွဲ

၈။

ဦးမြတ်မော်

၃၂၀၃၄

ဆက်သွယ်ရေးတာဝန်ခံ

၁၁-၂-၂၀၁၉

၉။

ဦးကျော်ညွန့်

၆၄၃၈၀

စက်မှုအင်ဂျင်နီယာဌာန

၁၀။

ဦးထွန်းထွန်း

၃၁၇၀၄

ရေယာဉ်မှူး

၁၂-၂-၂၀၁၉

၁၁။

ဦးထွန်းအောင်

၆၆၈၇၂

ပူးတွဲရေယာဉ်မှူး

၁၂။

ဦးတင်မောင်ဝင်း

၃၆၅၈၃

လျှပ်စစ်ကျွမ်းကျင်

၁၃။

ဦးမြတ်ဆွေ

၃၁၇၄၉

သင်္ဘောသား

၁၄။

ဦးသိန်းလွင်

၆၃၀၇၈

သင်္ဘောသား

၁၅။

ဦးထွန်းဦး

-

ကုန်းပတ်မှူး(အငြိမ်းစား)

၁၆။

ဦးမင်းလွင်

၄၂၇၄၄

သင်္ဘောသား

၁၃-၂-၂၀၁၉

၁၇။

ဦးမင်းဇော်ထွေး

၆၇၈၀၇

သင်္ဘောသား

၁၈။

ဦးသန်းထိုက်

၆၅၇၂၉

ဆီလောင်း

၁၄-၂-၂၀၁၉

 

ပျောက်ဆုံးဆဲစာရင်း (၈)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁၉။

ဦးဇေဖြိုးအောင်

၃၂၃၃၃

အင်ဂျင်နီယာမှူး

ပျောက်ဆုံး

၂၀။

ဦးမျိုးမင်းထွန်း

၃၂၃၃၉

တ-အင်ဂျင်နီယာ

ပျောက်ဆုံး

၂၁။

ဦးခင်စိုး

၆၃၈၉၈

စက်ခန်းအုပ်

ပျောက်ဆုံး

၂၂။

ဦးကျော်လင်းအေး

၆၅၆၄၀

သင်္ဘောသား

ပျောက်ဆုံး

၂၃။

ဦးကံရှိန်

၇၀၄၂၅

ဆီလောင်း

ပျောက်ဆုံး

၂၄။

ဦးကျော်ကျော်မိုး

၆၇၇၈၇

ဆီလောင်း

ပျောက်ဆုံး

၂၅။

ဦးတင်ဇော်ဝင်း

၆၉၁၅၁

စက်မှုအင်ဂျင်နီယာဌာန

ပျောက်ဆုံး

၂၆။

ဦးအောင်သိန်းညွန့်

နေ့စား

ဒေသခံမီးပြဝန်ထမ်း

ပျောက်ဆုံး