“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်မှု နောက်ဆက်တွဲ သတင်း (၁၅-၂-၂၀၁၉)

 

တပ်မတော်(ရေ)မှ ရေငုပ်နှင့် ဆယ်ယူရေးအဖွဲ့သည် ၁၅-၂-၂၀၁၉ ရက်နေ့ နံနက်တွင် “ဆင်ပြောင်” ရေယာဉ်အမြုပ်နေရာသို့ သွားရောက်၍ ရေငုပ်စစ်ဆေးလျက်ရှိရာ “ဆင်ပြောင်”ရေယာဉ်သည် ဝဲဘက် ကျောက်ကြိုးချလျက် အနေအထားဖြင့် ဝဲဘက်သို့စောင်း၍ နစ်မြုပ်လျက်ရှိနေကြောင်း၊ နစ်မြုပ်သည့် ဘက်ခြမ်းတွင် သဲထု(၅)ပေခန့် ဖုံးလွှမ်းနေကြောင်း၊ သင်္ဘောတက်မ ခန်း (Bridge)သို့ ဝင်ရောက် စစ်ဆေးရာ ထူးခြားမှု မရှိကြောင်း၊ ပူးတွဲရေယာဉ်မှူး ဦးထွန်းအောင်၏အခန်း (Lower Deck ယာဘက်ခြမ်း)သို့ ဝင်ရောက်စစ်ဆေးရာတွင် အိတ်တစ်လုံးတွေ့ရှိရပြီး အိတ်အတွင်း၌ ထီးတစ်လက်၊ ဒိုင်ယာရီစာအုပ် တစ်အုပ်၊ မီးခြစ်တစ်လုံးနှင့် ထီလက်မှတ်နှစ်စုံ တွေ့ရှိရကြောင်း၊ သင်္ဘော၏ ယာဘက်ခြမ်းနှင့် ဝမ်းဗိုက်ပိုင်း တွေ့မြင်ရသည့် အနေအထားကို စစ်ဆေးရာတွင် ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ စောင်းလျက်အနေအထားဖြင့် နစ်မြုပ်နေသည့်သင်္ဘော၏ ဝဲဘက်ပိုင်းနှင့် ကျန်ရှိအခန်း များကို လက်ရှိအချိန်ထိ စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ပျောက်ဆုံးလျက်ရှိသည့် ရေယာဉ်ဝန်ထမ်းများအား ရှာဖွေကယ်ဆယ်ရေးအတွက် ဒေသခံ အဖွဲအစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်(ရေ)နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန် ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၁၅-၂-၂၀၁၉ ရက်နေ့၊ ညနေ(၁၇:၀၀)အချိန်အထိ ပျောက်ဆုံး ဝန်ထမ်း​(၈)ဦးကို ထပ်မံရှာဖွေတွေ့ရှိခြင်း မရှိသေးပါကြောင်း သိရှိရပါသည်။

၁၁-၂-၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီး နစ်မြုပ်သွားသော

“ဆင်ပြောင်”ရေယာဉ်မှ

ကယ်ဆယ်ရရှိ / အလောင်းရ / ပျောက်ဆုံး ဝန်ထမ်းစာရင်း

(၁၅-၂-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၇:၀၀ အချိန်အထိ ရရှိစာရင်း)

(၁၄-၂-၂၀၁၉ ရက်နေ့ စာရင်းအတိုင်းသာ)

 

ကယ်ဆယ်ရရှိ စာရင်း (၇)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁။

ဦးမိုးလွင်

၃၂၃၅၀

ရေယာဉ်အရာရှိ

ကယ်ဆယ်ရရှိ

၂။

ဦးသန့်ဇင်အောင်

၆၆၂၃၆

ဒု-အရာရှိ

ကယ်ဆယ်ရရှိ

၃။

ဦးသန့်ဇော်ဦး

၆၃၁၁၂

ကုန်းပတ်မှူး

ကယ်ဆယ်ရရှိ

၄။

ဦးထွန်းရွှေ

၆၄၅၃၅

ဆီလောင်း

ကယ်ဆယ်ရရှိ

၅။

ဦးမြင့်အောင်

၆၅၆၆၆

ဆီလောင်း

ကယ်ဆယ်ရရှိ

၆။

ဦးကိုကိုဦး

၃၂၂၃၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၇။

ဦးဇော်ဌေး

၆၄၆၁၀

ဆီလောင်း

ကယ်ဆယ်ရရှိ

 

အလောင်းရရှိ စာရင်း (၁၁)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

တွေ့ရှိရက်စွဲ

၈။

ဦးမြတ်မော်

၃၂၀၃၄

ဆက်သွယ်ရေးတာဝန်ခံ

၁၁-၂-၂၀၁၉

၉။

ဦးကျော်ညွန့်

၆၄၃၈၀

စက်မှုအင်ဂျင်နီယာဌာန

၁၀။

ဦးထွန်းထွန်း

၃၁၇၀၄

ရေယာဉ်မှူး

၁၂-၂-၂၀၁၉

၁၁။

ဦးထွန်းအောင်

၆၆၈၇၂

ပူးတွဲရေယာဉ်မှူး

၁၂။

ဦးတင်မောင်ဝင်း

၃၆၅၈၃

လျှပ်စစ်ကျွမ်းကျင်

၁၃။

ဦးမြတ်ဆွေ

၃၁၇၄၉

သင်္ဘောသား

၁၄။

ဦးသိန်းလွင်

၆၃၀၇၈

သင်္ဘောသား

၁၅။

ဦးထွန်းဦး

-

ကုန်းပတ်မှူး(အငြိမ်းစား)

၁၆။

ဦးမင်းလွင်

၄၂၇၄၄

သင်္ဘောသား

၁၃-၂-၂၀၁၉

၁၇။

ဦးမင်းဇော်ထွေး

၆၇၈၀၇

သင်္ဘောသား

၁၈။

ဦးသန်းထိုက်

၆၅၇၂၉

ဆီလောင်း

၁၄-၂-၂၀၁၉

 

ပျောက်ဆုံးဆဲစာရင်း (၈)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁၉။

ဦးဇေဖြိုးအောင်

၃၂၃၃၃

အင်ဂျင်နီယာမှူး

ပျောက်ဆုံး

၂၀။

ဦးမျိုးမင်းထွန်း

၃၂၃၃၉

တ-အင်ဂျင်နီယာ

ပျောက်ဆုံး

၂၁။

ဦးခင်စိုး

၆၃၈၉၈

စက်ခန်းအုပ်

ပျောက်ဆုံး

၂၂။

ဦးကျော်လင်းအေး

၆၅၆၄၀

သင်္ဘောသား

ပျောက်ဆုံး

၂၃။

ဦးကံရှိန်

၇၀၄၂၅

ဆီလောင်း

ပျောက်ဆုံး

၂၄။

ဦးကျော်ကျော်မိုး

၆၇၇၈၇

ဆီလောင်း

ပျောက်ဆုံး

၂၅။

ဦးတင်ဇော်ဝင်း

၆၉၁၅၁

စက်မှုအင်ဂျင်နီယာဌာန

ပျောက်ဆုံး

၂၆။

ဦးအောင်သိန်းညွန့်

နေ့စား

ဒေသခံမီးပြဝန်ထမ်း

ပျောက်ဆုံး