“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်မှု နောက်ဆက်တွဲ သတင်း (၁၂.၂.၂၀၁၉)

 

 “ဆင်ပြောင်”ရေယာဉ် နစ်မြုပ်မှုနှင့် ပျောက်ဆုံးလျက်ရှိသည့် ရေယာဉ်ဝန်ထမ်း များအား ရှာဖွေ ကယ်ဆယ်ရေးအတွက် ဒေသခံအဖွဲ့အစည်းများ၊ တပ်မတော်ရေနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများဖြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁၆:၀၀)အချိန်ထိ ဆက်သွယ်မှု အရ ရေယာဉ်မှူးနှင့် ပူးတွဲရေယာဉ်မှူး အပါအဝင် ဝန်ထမ်း(၅)ဦး၏ Dead Body နှင့် ရေယာဉ်မှူးမှ ခေါ်ဆောင်သွားသည့် ယခင်ကုန်းပတ်မှူး(ဆင်ပြောင်)(အငြိမ်းစား) ဦးထွန်းဦး၏ Dead Body ကို ဇီးတောရွာနှင့် ငါးဖမ်းဆိပ်သောင်ခုံအနီး ပတ်ဝန်းကျင်တစ်ဝိုက်မှ ထပ်မံရှာဖွေ တွေ့ရှိရပါသည်။

ပျောက်ဆုံးနှင့် သေဆုံး ရေယာဉ်ဝန်ထမ်းများ၏ မိသားစုဝင်များအား ၁၃.၂.၂၀၁၉ရက်နေ့တွင် တောင်ကုတ်သို့ မော်တော်ယာဉ် ဖြင့်လည်းကောင်း၊ ၁၄.၂.၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းသို့ အမြန်ရေယာဉ်ဖြင့် လည်းကောင်း၊ ဌာနမှ ပို့ဆောင်ပေးပြီး ဆယ်ယူရရှိသော Dead Body များအား မာန်အောင်မြို့ သုဿာန်တွင် သင်္ဂြိုလ်ပေးသွားမည်ဖြစ်ပါသည်။ သင်္ဂြိုလ်မှုကိစ္စ ပြီးစီးသည့် ရေယာဉ်ဝန်ထမ်းမိသားစုဝင်များကို ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ထားရှိပြီး ကျန် ပျောက်ဆုံးဝန်ထမ်းများ၏ မိသားစုဝင်များကို ၎င်းတို့၏ ဆန္ဒအရ မာန်အောင်မြို့တွင် ဆက်လက် စောင့်ဆိုင်း လိုပါက မာန်အောင်မြို့၊ မြို့တော်ခန်းမတွင် နေထိုင်ခွင့်ရရှိရေးအတွက် မြို့နယ်အုပ်ချုပ်မှု အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ယခုကိစ္စများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာဦးစီး၍ ရေကြောင်းဌာနမှူးချုပ်၊ မီးပြတိုက်ဌာနမှူးနှင့် ရေယာဉ်မှူးတစ်ဦးတို့ပါဝင်သော အဖွဲ့က မာန်အောင်မြို့တွင် အခြေပြု၍  မာန်အောင်မြို့ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့အစည်း များနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါ သည်။

သေဆုံးသူ ရေယာဉ်ဝန်ထမ်းများ အတွက် ၎င်းတို့အနေဖြင့် အလုပ်တာဝန်ချိန်အတွင်း တာဝန် ထမ်းဆောင်နေစဉ် သေဆုံးခြင်းဖြစ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအတိုင်း -

(က)    လူမှုဖူလုံရေးမှ သေဆုံးဝန်ထမ်းလျော်ကြေးအတွက် လစာ၏ (၃၀) ဆ

( ခ)    နာရေးစရိတ်အတွက် မူရင်းလစာ၏တစ်လစာနှင့်အထက်

( ဂ)    အာမခံကိုယ်အင်္ဂါထိခိုက်မှုအာမခံလျှော်ကြေးအတွက် အဆိုပြုထည့်ဝင်ငွေအတိုင်း

(ဃ)    ပင်စင်ဦးစီးဌာနမှ အထူးပင်စင်ခံစားခွင့်ရရှိရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ကျန်ရစ်သူမိသားစုများအတွက် ဆက်လက်လျှောက်ထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ သည်။

ထို့အပြင် ကွယ်လွန်သူ ဝန်ထမ်းများအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဝန်ထမ်းသက်သာ ချောင်ချိရေးကော်မတီရန်ပုံငွေမှ နာရေးထောက်ပံ့ငွေများကို ကျန်ရစ်သူမိသားစုထံ ပေးအပ်သွားရန် စီစဉ်ထားပြီး ကွယ်လွန်သူဝန်ထမ်း၏သားသမီးများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၎င်းတို့၏ သင့်လျော်သော ပညာအရည်အချင်းအရ အလုပ်အကိုင် ရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ ၎င်းဝန်ထမ်းမိသားစုများ  လက်ရှိ နေထိုင်လျက်ရှိသော ဝန်ထမ်းနေအိမ် ခန်းများကိုလည်း လုံလောက်သော အချိန်ကာလ တစ်ခုထိ ဆက်လက်၍ နေထိုင်ခွင့်ပြုသွားမည် ဖြစ်ပါသည်။ ထို့အပြင်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ မိတ်ဘက်ကုမ္ပဏီများမှလည်း အလှူငွေများ လှူဒါန်းလိုကြောင်း ဆက်သွယ်လာကြသဖြင့် စနစ်တကျ လက်ခံပြီး ဝန်ထမ်းမိသားစုများအား မျက်နှာစုံညီ ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 

၁၁-၂-၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီး နစ်မြုပ်သွားသော

“ဆင်ပြောင်”ရေယာဉ်မှ

ပျောက်ဆုံး/ အလောင်းရ / ကယ်ဆယ်ရရှိ ဝန်ထမ်းစာရင်း

(၁၂.၂.၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၆:၀၀ အချိန်အထိ ရရှိစာရင်း)

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁။

ဦးထွန်းထွန်း

၃၁၇၀၄

ရေယာဉ်မှူး

*အလောင်းတွေ့

၂။

ဦးထွန်းအောင်

၆၆၈၇၂

ပူးတွဲရေယာဉ်မှူး

*အလောင်းတွေ့

၃။

ဦးဇေဖြိုးအောင်

၃၂၃၃၃

အင်ဂျင်နီယာမှူး

ပျောက်ဆုံး

၄။

ဦးမျိုးမင်းထွန်း

၃၂၃၃၉

တ-အင်ဂျင်နီယာ

ပျောက်ဆုံး

၅။

ဦးတင်မောင်ဝင်း

၃၆၅၈၃

လျှပ်စစ်ကျွမ်းကျင်

*အလောင်းတွေ့

၆။

ဦးခင်စိုး

၆၃၈၉၈

စက်ခန်းအုပ်

ပျောက်ဆုံး

၇။

ဦးမင်းလွင်

၄၂၇၄၄

သင်္ဘောသား

ပျောက်ဆုံး

၈။

ဦးမြတ်ဆွေ

၃၁၇၄၉

သင်္ဘောသား

*အလောင်းတွေ့

၉။

ဦးသိန်းလွင်

၆၃၀၇၈

သင်္ဘောသား

*အလောင်းတွေ့

၁၀။

ဦးမင်းဇော်ထွေး

၆၇၈၀၇

သင်္ဘောသား

ပျောက်ဆုံး

၁၁။

ဦးကျော်လင်းအေး

၆၅၆၄၀

သင်္ဘောသား

ပျောက်ဆုံး

၁၂။

ဦးကံရှိန်

၇၀၄၂၅

ဆီလောင်း

ပျောက်ဆုံး

၁၃။

ဦးသန်းထိုက်

၆၅၇၂၉

ဆီလောင်း

ပျောက်ဆုံး

၁၄။

ဦးကျော်ကျော်မိုး

၆၇၇၈၇

ဆီလောင်း

ပျောက်ဆုံး

၁၅။

ဦးတင်ဇော်ဝင်း

၆၉၁၅၁

စက်မှုအင်ဂျင်နီယာဌာန

ပျောက်ဆုံး

၁၆။

ဦးအောင်သိန်းညွန့်

နေ့စား

ဒေသခံမီးပြဝန်ထမ်း

ပျောက်ဆုံး

၁၇။

ဦးမြတ်မော်

၃၂၀၃၄

ဆက်သွယ်ရေးတာဝန်ခံ

အလောင်းတွေ့

၁၈။

ဦးကျော်ညွန့်

၆၄၃၈၀

စက်မှုအင်ဂျင်နီယာဌာန

အလောင်းတွေ့

၁၉။

ဦးမိုးလွင်

၃၂၃၅၀

ရေယာဉ်အရာရှိ

ကယ်ဆယ်ရရှိ

၂၀။

ဦးသန့်ဇင်အောင်

၆၆၂၃၆

ဒု-အရာရှိ

ကယ်ဆယ်ရရှိ

၂၁။

ဦးသန့်ဇော်ဦး

၆၃၁၁၂

ကုန်းပတ်မှူး

ကယ်ဆယ်ရရှိ

၂၂။

ဦးထွန်းရွှေ

၆၄၅၃၅

ဆီလောင်း

ကယ်ဆယ်ရရှိ

၂၃။

ဦးမြင့်အောင်

၆၅၆၆၆

ဆီလောင်း

ကယ်ဆယ်ရရှိ

၂၄။

ဦးကိုကိုဦး

၃၂၂၃၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၂၅။

ဦးဇော်ဌေး

၆၄၆၁၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၂၆။

ဦးထွန်းဦး

-

ကုန်းပတ်မှူး(အငြိမ်းစား)

*အလောင်းတွေ့

* ၁၂.၂.၂၀၁၉ ရက်နေ့ တွေ့ရှိ