“ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ အီလက်ထရောနစ်ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ခြင်း (e-Commerce) ဆိုင်ရာ ဥပဒေနှင့် ပြဋ္ဌာန်းချက် မူဘောင်များကို အကဲဖြတ်သည့် အစီရင်ခံစာ”

Initiative for ASEAN Integration (IAI) Work Plan III အစီအစဉ်အရ အာဆီယံ အသိုက်အဝန်း၏ ရည်မှန်းချက်များ အမှန်တကယ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး ဦးတည် လျက် အာဆီယံဒေသတွင်း ဦးတည်ချက်များနှင့် ကတိကဝတ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဂျပန်−အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ၏ ရန်ပုံငွေဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့တွင် e-Commerce ဆိုင်ရာ ဥပဒေနှင့် ပြဋ္ဌာန်းချက်မူဘောင်များကို ဆန်းစစ်လေ့လာအကဲဖြတ်သည့် စီမံကိန်း အား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါစီမံကိန်းအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တိုက်ရိုက် တာဝန်ပေးအပ်ထားသည့် ဂျပန်နိုင်ငံ Daiwa Institute of Research Ltd.၊ Asia Consultant Department နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှ ပညာရှင်များ၊ e-Commerce ဆိုင်ရာ ဥပဒေမူဝါဒများနှင့် ဆက်နွယ်နေသည့် Stakeholder များ အသီးသီး ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် စီမံကိန်း အောင်မြင်စွာ ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

စီမံကိန်းကာလအတွင်း  မြန်မာနိုင်ငံအပါအဝင် CLMV နိုင်ငံများ၏ လက်ရှိ e-Commerce ဆိုင်ရာ ဥပဒေနှင့် ပြဋ္ဌာန်းချက်မူဘောင်များကို Desk Research ပြုလုပ်၍ ဆန်းစစ် လေ့လာအကဲဖြတ်ခြင်း၊ Stakeholder Interview များ ပြုလုပ်ခြင်း၊ အဆိုပါ Interview နှင့် Desk Research များမှ ရရှိလာသည့် ရလဒ်များအပေါ် အခြေခံ၍ National Consultation အစည်းအဝေးများ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ခြင်းများအား ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ စက်တင် ဘာလ (၃) ရက်နေ့၌ National Consultation အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် လာအိုနိုင်ငံ၌ Regional Workshop ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် Daiwa Institute of Research Ltd.မှ အကဲဖြတ်အစီရင်ခံစာကို ပေးပို့လာခဲ့ပြီး လိုအပ်သော ပြည်တွင်းလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ e-Commerce ဆိုင်ရာ ဥပဒေနှင့်ပြဋ္ဌာန်းချက်မူဘောင်များကို အကဲဖြတ် သည့် အစီရင်ခံစာအား  ထုတ်ပြန်နိုင်ခဲ့ပါသည်။

ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ e-Commerce နှင့်သက်ဆိုင်သည့် Electronic Transaction, Privacy, Online Consumer Protection, Cybercrime, Content Regulation, Domain Names, Paperless, Spam, Electronic Authentication and Signature စသည့်နယ်ပယ်များအတွက် လက်ရှိ ဥပဒေရေးရာနှင့် စည်းမျဉ်းမူဘောင် အခြေအနေ၊ အကဲဖြတ်မှုရလဒ်များအပေါ် အခြေခံသည့် အကြံပြုချက်များ ပါဝင်ပါသည်။ ဤအကဲဖြတ် အစီရင်ခံစာအား အောက်ပါ လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

Myanmar Version : Assessment of the Legal and Regulatory Frameworks on Electronic Commerce in CLMV-MM.pdf

English Version : Assessment of the Legal and Regulatory Frameworks on Electronic Commerce in CLMV-Eng.pdf