“ကစ္ဆပနဒီ-၃” အမြန်ရေယာဉ်ကို တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး "M.V ISUZU (Voy.No.034)" ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှစတင်ထွက်ခွာ။

 

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉

ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင်အသုံးပြုရန်အတွက် ဂျပန် နိုင်ငံ ပြည်သူများကပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန်ရေယာဉ် အသစ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Sumidagawa Shipyard တွင် တည်ဆောက် ပြီးစီးပြီ ဖြစ်သဖြင့် “ကစ္ဆပနဒီ-၃” ရေယာဉ်ကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ရေယာဉ်တင် သင်္ဘောကြီး "MV V  ISUZU VOY.NO.034" ဖြင့်တင်ဆောင်ထွက်ခွာလာခဲပြီဖြစ်ပါသည်။ အဆိုပါ ရေယာဉ်တင် သင်္ဘောကြီးသည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ ခန့်မှန်း မတ်လ (၁၀)ရက်နေ့တွင် ရောက်ရှိ မည်ဖြစ်ပါသည်။