(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါမောက္ခချုပ်မှ ဝန်ထမ်းများအားထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့်ကံစမ်းမဲဖောက်ပေးခြင်း

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂-၁-၂၀၂၃ ရက် နေ့လယ်တွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်က အရာထမ်းနှင့် အမှုထမ်း (၂၆၄)ဦး တို့အား ဝန်ထမ်းတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ (၅၀)ကျပ်သားနှင့် ကျောင်းတွင်းစိုက်ခင်းမှ ထွက်ရှိသော ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်များ စုစုပေါင်းတန်ဖိုး ငွေကျပ် (၃,၉၄၀,၈၀ဝိ)ကျပ်တန်ဖိုးကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီးမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် သင်ကြားရေးဌာနနှင့် စီမံရေးရာဌာနများရှိ အမှုထမ်းများနှင့် နေ့စားဝန်ထမ်း စုစုပေါင်း (၁၀၈)ဦးတို့အား တစ်ယောက်အိပ် မွေ့ရာ (၄၀)ခု၊ စုစုပေါင်း ကာလပေါက်ဈေး တန်ဖိုး ငွေကျပ်(၈သိန်း) ခန့် ကို ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရှိရပါသည်။