(၆) ကြိမ်မြောက် မဲခေါင်ဒေသ လေကြောင်းသွားလာမှု စီမံခန့်ခွဲရေး ညှိနှိုင်းအစည်းအဝေး 6th Mekong ATM Coordination Group Meeting (MK-ATM/CG/6) (22-24 Aug 2017) ကျင်းပ

 

ရန်ကုန်၊ သြဂုတ်လ ၂၂

၆-ကြိမ်မြောက် မဲခေါင်ဒေသ လေကြောင်းသွားလာမှု စီမံခန့်ခွဲရေး ညှိနှိုင်းအစည်းအဝေး Mekong ATM Coordination Group Meeting (MK-ATM/CG/6) ကို ယနေ့နံနက် (၉)နာရီ၌ ရန်ကုန်မြို့ရှိ Chartrium Hotel တွင် ကျင်းပပြုလုပ်ရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမင်းလွင် တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး (၂၂၊ ၈၊ ၂၀၁၇) ရက်နေ့ မှ (၂၄၊ ၈၊ ၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ အစည်းအဝေးသည် မဲခေါင်ဒေသနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများနှင့် Airlines and Air Space users များအကြား လေကြောင်းလမ်းညွှန် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နှစ်စဉ် ကျင်းပသည့် ညှိနှိုင်း အစည်းအဝေးဖြစ်ပြီး ယင်းအစည်းအဝေးကို ကျင်းပခြင်းအားဖြင့် မဲခေါင်ဒေသအတွင်းတွင် လေကြောင်း ပျံသန်းမှုများ တစ်ပြေးညီ အဆင်ပြေချောမွေ့စေရေး ရည်ရွယ်၍ လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ၊ လေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး စီမံချက်များ စသည်တို့အား ရင်းနှီး ပွင့်လင်းစွာ ပါဝင်ညှိနှိုင်း ဆွေးနွေးကြ၍ မဲခေါင်ဒေသ လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုမည် ဖြစ်ပါသည်။