(၁၄၄)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ Universal Postal Union-UPU Day အခမ်းအနား ကျင်းပခြင်း

 

၉.၁၀.၂၀၁၈၊ နေပြည်တော်

(၁၄၄)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ Universal Postal Union-UPU Day အခမ်းအနားကို ၉.၁၀.၂၀၁၈ ရက်နေ့နံနက် (၀၉:၀၀)နာရီ အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၊ ရုံးအမှတ်(၂)တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်မျိုး၊ ဦးသာဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပ ဆောင်ရွက်သည့်  အသက်(၁၅)နှစ်နှင့် အောက် (၄၇)ကြိမ်မြောက် လူငယ်ပေး စာရေးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို ဆုချီးမြှင့် ခဲ့ပါသည်။ အလားတူ မြန်မာ့စာတိုက် လုပ်ငန်း မှလည်း သမားရိုးကျ ဝန်ဆောင်မှု မဟုတ်ဘဲ အထူးဝန်ဆောင်မှု အနေဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် အောက်ဖော်ပြပါ စာတိုက်များကို ထူးချွန်ဆုများ ချီးမြှင့် ခဲ့ပါသည်-

  • @Post ကိုယ်စား ငွေကောက်ခံခြင်း လုပ်ငန်းတွင် ဝင်ငွေ အများဆုံးရအောင် ဆောင်ရွက်နိုင်သည့် စာတိုက်- ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေစာတိုက်
  • CBBank  ဘဏ် ကိုယ်စားလှယ် လုပ်ငန်းတွင် ဝင်ငွေ အများဆုံးရအောင် ဆောင်ရွက်နိုင်သည့် စာတိုက်- ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံစာတိုက်
  • My Kyat  Mobile Money လုပ်ငန်းတွင် ဝင်ငွေ အများဆုံးရအောင် ဆောင်ရွက်နိုင်သည့် စာတိုက် -ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ကျောက်ကြီးစာတိုက်
  • OK Dollar  Mobile Money လုပ်ငန်းတွင် ဝင်ငွေ အများဆုံးရအောင် ဆောင်ရွက်နိုင်သည့် စာတိုက်- မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူစာတိုက်