ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပြည်ကြီးတံခွန် (၄) ရေယာဉ်ဖြင့် ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ်ပြေးဆွဲမည်

 

ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနပိုင် ပြည်ကြီးတံခွန် (၄) ရေယာဉ်ဖြင့် ပြေးဆွဲ ပေးမည်ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်ကို (၁၅.၁၁.၂၀၁၈) ရက်နေ့မှ (၁၁.၁၂.၂၀၁၈) ရက်နေ့ အထိ (၂၇) ရက် ကြာမြင့်မည်ဖြစ်ပြီး၊ မန္တလေးမြို့မှ (၁၅.၁၁.၂၀၁၈) ရက်နေ့တွင် စတင်ထွက်ခွာကာ၊ (၁၁.၁၂.၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။

လမ်းခရီးတွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များဖြစ်သည့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ဆီမီးခုံမြို့၊ ပခုက္ကူမြို့၊ ညောင်ဦး-ပုဂံမြို့၊ ချောက်မြို့၊ စလေမြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့-နတ်မောက်မြို့၊ မလွန်မြို့၊ ဆင်ပေါင်ဝဲမြို့၊ အောင်လံမြို့၊ ကမ္မမြို့၊ ပြည်မြို့၊ ထုံးဘိုမြို့၊ မြန်အောင်မြို့၊ ရွှေကျင်မြို့၊ ပျဉ်းကတိုးကုန်းမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့၊ တွံတေးမြို့၊ ရန်ကုန်မြို့၊ စုစုပေါင်း (၂၇)မြို့ သို့ ဝင်ရောက် ဆိုက်ကပ်ရပ်နားလျှက် ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းများ ကျင်းပခြင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ခရီးစဉ် ပြေးဆွဲပေးမည့် ပြည်ကြီးတံခွန် (၄) ရေယာဉ်အတွက် ရေယာဉ် ငှါးရမ်းခ ကောက်ခံခြင်း မပြုဘဲ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက အခမဲ့ ပြေးဆွဲပေးမည်ဖြစ်ပြီး၊ ခရီးစဉ်အတွက် ကုန်ကျမည့် စက်သုံးဆီ စရိတ်နှင့် အထွေထွေကုန်ကျစရိတ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ တို့မှ ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။